ပြင်ဆင်ရတာ မြန်ဆန်ပြီး အကုန်အကျလည်း သက်သာစေမယ့် ဆံပင်စတိုင်မျိုးကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ အထာကျကျနဲ့ မိမိုက်နေစေမယ့် ဆံပင်စတိုင် တစ်ခုရှိပါတယ်။

ထို ဆံပင်စတိုင်ကတော့ ကျစ်ဆံမြီးပုံ ဆံပင်စတိုင် ပဲဖြစ်ပါတယ်။ ပျိုမေတို့အနေနဲ့ ကျစ်ဆံမြီး ဆံပင်စတိုင်နဲ့ ဘယ်လိုရှိုးထုတ်လို့ ရမလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

ဆံပင်တို

ဆံပင်တိုတဲ့သူတို့ကလည်း စိတ်မပူပါနဲ့။ ကျွမ်းကျင် ဆံသဆရာနဲ့ဆိုရင် အမိုက်စား ကျစ်ဆံမြီး ဆံပင်စတိုင်လေး ဖန်တီးနိုင်ပါတယ်။

ဆံပင်ရှည်

ဆံပင်ရှည်တဲ့သူတို့ကတော့ ကိုယ် ကြိုက်နှစ်သက်တဲ့ ကျစ်ဆံမြီး စတိုင်လ်အမျိုးမျိုးကို ပြင်ဆင်နိုင်တာကတော့ အားသာချက်တစ်ခုပါပဲ။

အပေါ်မှာ ထုံးထားတဲ့ ကျစ်ဆံမြီးအထုံး

ထိန်းသိမ်းမှု အနည်းဆုံးနဲ့ အလှပဆုံး ကျစ်ဆံမြီး ဆံပင်စတိုင်ကို လိုချင်တယ်ဆိုရင်တော့ ဒီ ဆံပင်စတိုင် က အကောင်းဆုံးပါပဲ။

တစ်မြောင်းချင်းစီ ကျစ်ထားတဲ့ ဆံပင် စတိုင်

တစ်မြောင်းချင်းစီ ကျစ်ထားတဲ့ ကျစ်ဆံမြီး ဆံပင်စတိုင်သည်လည်း အခုခေတ်မှာ ရေပန်းစားလာပါတယ်။

ဆံပင် အပေါ်ပိုင်းနားသာ ကျစ်ထားတဲ့ ကျစ်ဆံမြီး

ဆံပင်တစ်ခေါင်းလုံးကို ကျစ်ဆံမြီး မကျစ်ချင်တဲ့သူတို့ကတော့ ဒီ ဆံပင်စတိုင် ကို ရွေးချယ်လိုက်ပါ။

အထာကျ မိမိုက်နေစေမယ့် ဆံပင်စတိုင်

ဘေးတစ်ဖက် တစ်ခြမ်းမှာပဲ ကျစ်ဆံမြီး သေးသေးလေး ကျစ်ထားတဲ့ စတိုင်သည်လည်း လူကြိုက်များတဲ့ ဆံပင် စတိုင် တစ်ခုပဲဖြစ်ပါတယ်။

ပြင်သစ်စတိုင်လ် ကျစ်ဆံမြီး

ဒီဆံပင်စတိုင်လ်ကတော့ မျက်နှာကို ရှင်းရှင်းလေးနဲ့ မိန်းကလေးဆန်ဆန်လေး ကြည့်ကောင်းနေအောင် ကူညီပေးပါလိမ့်မယ်။

Image Source: Pinterest