မင်္ဂလာပါပျိုမေတို့ရေ။ ဆံပင်အရှည်ထားပြီး ဒီတိုင်းကြီး ချထားရတာရိုးလာလို့ ပုံစံလေးပြောင်းချင်တဲ့သူတွေ ရှိကြလား။ ဒီတစ်ခေါက်မှာ ဆံပင်ချမထားချင်တဲ့သူတွေအတွက် အပူစက်တွေနဲ့ ပုံသွင်းစရာမလိုဘဲ အချိန်နည်းနည်းပေးရုံနဲ့ လိုက်လုပ်လို့ရမယ့် ကျစ်ဆံမြီး Hairstyle ပြင်နည်းလေးတွေကို ဖော်ပြပေးသွားမှာပါ။

အကြီး၊ အသေး ကြိုက်သလို လုပ်နိုင်တဲ့ ကျစ်ဆံမြီးလေးတွေက ဆံပင်အရှည်ထားတတ်တဲ့သူတွေနဲ့ အရမ်းလိုက်ပါတယ်။ ချစ်စရာကောင်းသလို ဘယ်တော့မှမရိုးတဲ့ ဆံပင်ပုံစံလေးဆိုရင်လည်း မမှားပါဘူး။ မျက်နှာလေးရှင်းသွားသလိုမြင်ရတာမို့ ဒီတိုင်းချထားတာထက် ပိုပြီးပြင်ပြင်ဆင်ဆင်ပုံစံလေး မြင်ရစေမှာပါ။ ဖော်ပြထားတဲ့ ကျစ်ဆံမြီး Hairstyle ပုံစံလေးတွေက ကိုယ်တိုင်လိုက်ကျစ်ဖို့လည်း လွယ်တာမို့ ပျိုမေတို့အနေနဲ့ အပြောင်းအလဲလေးဖြစ်အောင် ကိုယ့်မျက်နှာနဲ့လိုက်မယ့်ပုံစံလေးတွေကို ပြင်ကြည့်ဖို့ မမေ့ပါနဲ့နော်-

ဒီလို ကျစ်ဆံမြီးလေးနှစ်ဖက်ကျစ်ပြီး နောက်ကိုပတ်ထားတဲ့ပုံစံလေးက ဘီးကုတ်လေးပတ်ထားသလို မြင်ရပြီး ချစ်စရာကောင်းစေမယ့် Hairstyle လေးပါ။

ကျစ်ဆံမြီးလေးတွေကို အရင်းကနေစည်းပြီး ထောင်ထောင်လေးထားတာကလည်း ကြောင်နားရွက်လေးလို မြင်ရပြီး ချစ်ဖို့အရမ်းကောင်းပါတယ်။

ဘေးတစ်ဖက်တည်း ဝိုက်ပြီး ကျစ်ထားတဲ့ပုံစံလေးကလည်း ယှဉ်ယှဉ်လေးနဲ့ ကျက်သရေရှိတဲ့အလှလေး ရစေပါတယ်။

ပုံမှန်အတိုင်း ဆံကြောင်းနှစ်ဖက်ခွဲပြီး ကျစ်ဆံမြီးနှစ်ဖက်ကျစ်တဲ့ပုံစံလေးကလည်း ထွေထွေထူးထူးပြင်စရာမလိုဘဲ ရှင်းရှင်းလေးနဲ့လှပါတယ်။ ဆံပင်အုံထူတဲ့သူတွေနဲ့ဆို အရမ်းလိုက်ပါတယ်။

ကျစ်ဆံမြီးအသေးလေးတွေကျစ်ပြီး အပေါ်က စုစည်းလိုက်တဲ့ပုံစံလေးကလည်း ထူးထူးခြားခြားလေးနဲ့ ကြည့်ကောင်းပါတယ်။

ကျစ်ဆံမြီးကြီးကြီးတစ်ဖက်ကျစ်ပြီး ဘေးတစ်ဖက်ကိုချထားလိုက်ပါ။ ဂန္တဝင်ဆန်တဲ့အလှမျိုးရစေမယ့် Hairstyle ရှင်းရှင်းလေးဖြစ်ပါတယ်။

ကျစ်ထားတဲ့ ကျစ်ဆံမြီးလေးကို ဆံထုံးပုံစံစုထုံးလိုက်ပြီး ကျန်တဲ့အကျစ်အသေးလေးတွေကို ချထားကြည့်ပါ။ ပြင်ထားပြီးနောက် အရုပ်ကလေးလို ချစ်စရာကောင်းနေမယ့် ပုံစံလေးဖြစ်ပါတယ်။

ဆံပင်တစ်ဖက်နဲ့တစ်ဖက် ညီစရာမလိုတဲ့ ကျစ်ဆံမြီးအသေးလေးတွေ ကျစ်ထားတာမျိုးလည်း လုပ်ကြည့်ပါ။ ကလစ်လေးတွေ၊ ရောင်စုံခေါင်းစည်းကြိုးလေးတွေနဲ့ ပြင်ဆင်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဆယ်ကျော်သက်ကလေးလို ချစ်စရာကောင်းနေစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar