မင်္ဂလာပါပျိုမေတို့ရေ။ ဆံပင်တွေကို စီရင်ထုံးဖွဲ့ရတာဟာ သိပ်တော့မခက်လှပါဘူး။ ပျိုမေတို့ ကျွမ်းကျင်တဲ့ အရာပဲလေ။ ကိုယ့်တစ်ကိုယ်ရေစာ လှပရေးအတွက်တော့ တခြားသူကို အကူညီတောင်းမနေပါနဲ့တော့။ ကိုယ်တိုင်ပဲ စမ်းလုပ်ကြတာပေါ့။ ပွဲလမ်းသဘင်တွေလည်း သွားလို့အဆင်ပြေတယ်။

ပူအိုက်တာလည်း သက်သာတယ်ဆိုတော့ ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်တယ်နော်။

နံပါတ် (၁) အရင်ဆုံး ဆံပင်ကို ၃ ခွ(အလည်ပိုင်းကိုများများ၊ ဘေးနှစ်ဖက်ကို နည်းနည်းစီ) ခွဲလိုက်ပြီး အလည်ကို ကျစ်ဆံမြီးအရင်ကျစ်ပါ။ ကျစ်ဆံမြီးကျစ်ရာမှာ အောက်ခြေကနေမကျစ်ဘဲ အပေါ်နားကနေ စကျစ်ပေးပါ။

နံပါတ် (၂) ပြီးရင် ကျစ်ဆံမြီးကို ရစ်ပတ်လိုက်ပြီး ညှပ်ကလစ်အမဲတွေ ထိုးပေးထားပါ။

နံပါတ် (၃) ကျန်တဲ့ ဘေးနှစ်ဖက်ကိုလည်း ကျစ်ဆံမြီးကျစ်ပေးပါ။

နံပါတ် (၄) ပြီးရင် စောစောကထုံးထားတဲ့ ဆံထုံးရဲ့ ဘေးကနေ ရစ်ပတ်ပြီး ကလစ်တွေ ထပ်ထိုးပေးပါ။

နံပါတ် (၅) ကလစ်ကို ခိုင်ခိုင်လေးထိုးပေးပါနော်။

ပြုလုပ်ရတာလွယ်ကူပြီး ရိုးရှင်းလှပတဲ့ ဒီဆံပင်ထုံးဖွဲနည်းကို စာဖတ်သူတို့ သဘောကျနှစ်ခြိုက်မယ် မျှော်လင့်ပါတယ်။