အာရှတိုက်သူ အများစုက အနောက်တိုင်းသူတွေထက် ရင်သားပိုသေးတတ်ကြပါတယ်။ ကိုယ့် ရင်သားက ဘယ်လို Size ပဲ ဖြစ်ပါစေ ပထမဆုံး အရေးကြီးတဲ့ အချက်က ကိုယ့်ခန္ဓာကိုယ်ကို ကိုယ် ချစ်ဖို့ပါပဲ။ ကိုယ့်မှာရှိတဲ့အရာကို တန်ဖိုးထားပြီး ဒါကို အလှဆုံး၊ အကောင်းဆုံး ဖြစ်အောင် ပြောင်းလဲယူနိုင်ပါတယ်။ သင်က ရင်သားသေးတဲ့ မိန်းကလေးဆိုရင် တစ်ခါတလေ ကိုယ့်ထက် Size ကြီးတဲ့သူတွေကို အားကျဖူးမှာပါ။ Flat but hot ဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။ ကိုယ့် Chest Size အလိုက် ကောင်းကျိုးကိုယ်စီ ရှိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ရင်သားသေးတဲ့ ပျိုမေတို့မှာ ရှိထားသင့်တဲ့ ဘရာအမျိုးအစားတွေကို ဖော်ပြပါရစေ။
၁။ Chicken Cutlets Silicone bra
ဒီဘရာအမျိုးအစားက Silicone Bra Type ပါ။ အလယ်က ပါတဲ့ ချိတ်နဲ့ အသားကို ကပ်ပေးရမှာပါ။ ရင်ဟိုက်၊ ကြောပြောင် အဝတ်အစား တွေနဲ့ သင့်တော်ပါတယ်။ ချွေးစို၊ ရေစိုရင် ကွာနိုင်တာမို့ အမျိုးအစားကောင်းတာထဲက ရွေးဝယ်သင့်ပါတယ်။ လိုသလို ချိတ်နိုင်တာကြောင့် ကိုယ့်ရင်သားကို ပင့်တင်ပေးသလိုဖြစ်မှာပါ။
၂။ T Shirt Bra
ဒါကတော့ ပျိုမေတိုင်းလိုလိုမှာ ရှိထားသင့်တဲ့ Bra Type ပါ။ တီရှပ်၊ ပုံမှန် Casual Clothes တွေနဲ့ အဆင်ပြေပါတယ်။ ကိုယ့် ရင်သား Size နဲ့ ကွက်တိဖြစ်တဲ့ Bra Size ကို ရွေးချယ်ဖို့တော့ လိုအပ်ပါတယ်။
၃။ Push up bra
ဒီ Bra အမျိုးအစားကတော့ ကိုယ့်ရင်သားကို ပိုကိတ်၊ ပိုကြီးတယ်လို့ ထင်စေချင်သူတွေ ဝတ်သင့်ပါတယ်။ တမင်ကြီးချင်လို့ ဆိုပြီး ကိုယ့် Size ထက် ကြီးတဲ့ Cup Size မျိုးကိုတော့ ရှောင်သင့်ပါတယ်။ သဘာဝ မကျဘဲ ကိုယ့်အတွက်လည်း သက်တောင့်သက်သာ မဖြစ်စေပါဘူး။ သက်တောင့်သက်သာ ဖြစ်ချင်တယ်ဆိုရင်တော့ ဒေါက်မမာတဲ့ Pushup Bra မျိုးကို ရွေးချယ်သင့်ပါတယ်။
၄။ Bralette Bra
ဇာသားလေးတွေ လာတတ်ပါတယ်။ Bralette Bra ထဲကမှ တြိဂံပုံစံသွားတဲ့ Bra မျိုးကို ရွေးသင့်ပါတယ်။ တြိဂံပုံစံ Bra က ကိုယ့်ရဲ့ ရင်သားပုံစံကို ပိုဆွဲဆောင်မှုရှိစေပါတယ်။ Bralette Bra က ကိုယ်သာ ရင်ဘတ်ဖော်ရဲမယ်ဆိုရင် တီရှပ်အဖြူကို ရင်ဘတ်ဖွင့်ပြီး ဝတ်နိုင်ပါသေးတယ်။ Bralette တွေက ရင်သားသေးသူတွေနဲ့ ပိုလိုက်ဖက်နေတတ်ပါတယ်။
၅။ Bandeaus
Crop ဝတ်မယ့်သူတွေ၊ လည်ပင်းပိုင်းကို အသားပေး ဝတ်ချင်သူတို့အတွက်ဆိုရင် Bandeaus bra တွေက အဆင်ပြေပါတယ်။ ဒါပေမဲ့ Bandeaus ကို ဝယ်တဲ့အချိန် အထဲက အခံက ကိုယ့်ရင်သားနဲ့ အဆင်ပြေရဲ့လား၊ ကွာကျသွားမလား သေချာရွေးချယ် ဝယ်ယူသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar