၂၀၀၁ ခုနှစ် Born ဖြစ်တဲ့ Ryujin က ITZY အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ Ryujin က အကမှာ ထူးချွန်လွန်းပြီး BTS အဖွဲ့နဲ့ပါ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ Ryujin က ခန္ဓာကိုယ်သွယ်သွယ်လျလျနဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိသူ ဖြစ်ပါတယ်။ သူမ ဝတ်တဲ့ ဖက်ရှင်အများစုက ယောက်ျားလေးဆန်ဆန် ပေါ့ပေါ့ပါးပါး ရှိလှပါတယ်။ ယောက်ျားလေးဆန်ဆန် ဝတ်ချင်တဲ့ ပျိုမေတို့ နမူနာ ယူသင့်တဲ့ Artist တွေထဲမှာ Ryujin ပါ ပါတယ်။ သူမက ခါးသွယ်သွယ်လေးနဲ့ ယုံကြည်မှု ရှိရှိ နေတတ်သူ လည်း ဖြစ်ပါတယ်။ ဒီတော့ Ryujin ရဲ့ ယောက်ျားလေးဆန်ဆန် ဖက်ရှင်တွေကို ကြည့်လိုက်ရအောင်နော်-

ဂျင်းအပြာ အပြင်ထပ် က ယောက်ျားလေးဆန်တဲ့ Vibe ကို ပေးနိုင်မှာ မလွဲမသွေပါပဲ။

ခပ်မိုက်မိုက်မိန်းကလေး တစ်ယောက်ဖြစ်ဖို့ အပြင်ထပ် Coat ဝတ်ဆင်နိုင်ပါတယ်။ Ryujin က ဒီပုံထဲမှာ Coat တစ်ထည်တည်းနဲ့ လုံးဝ သတ်ချသွားတာပါ။

Photoshoot ရိုက်တတ်တဲ့ မိန်းကလေးတွေ ပေါ့ပေါ့ပါးပါး ဝတ်ချင်ရင် Ryujin ရဲ့ ဖက်ရှင်ကို နမူနာ ယူသင့်ပါတယ်။

Oversized Tee နဲ့ အခုနောက်ပိုင်း မိန်းကလေးတွေကြား ရေပန်းစားလာတဲ့ Biker Short တွေက ယောက်ျားလေးဆန်ဆန် ဝတ်ချင်တဲ့ ပျိုမေတို့နဲ့ သင့်တော်ပါတယ်။

Oversize ကိုမှ ဘောင်းဘီအပွနဲ့ တွဲဝတ်လိုက်တဲ့အခါ ပိုပေါ့ပေါ့ပါးပါး စတိုင် ရစေပါတယ်။

ကော်လံပါတဲ့ လက်ရှည်ကို ခေါက်ဝတ်ပြိး အောက်က စကပ်နဲ့ တွဲဝတ်လိုက်တဲ့အခါ မိန်းကလေးမဆန်လွန်းဘဲ ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။

T Shirt နဲ့ Style Pants ကိုလည်း Ryujin လို စမတ်ကျကျ ဝတ်ဆင်နိုင်ပါတယ်။

ဒီဖက်ရှင်လေးက ယောက်ျားလေးဆန်ဆန် ဝတ်ချင်တဲ့ သင့်အတွက် ကြည့်လိုက်တာနဲ့ အကြိုက်တွေ့စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar