စကပ်တို၊ ဂါဝန်လေးတွေက သင့်ကို ချစ်စရာကောင်းစေပေမယ့် ဒါက သင့်စတိုင် မဟုတ်ဘူးဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ယောကျာ်းဆန်ဆန် နေတတ်တဲ့ မိန်းကလေးမှန်း သိသာစေတဲ့ အချက်က သူတို့ရဲ့ ထိုင်တဲ့ပုံစံပါ။ လွတ်လွတ်လပ်လပ် ခြေထောက်ကား ထိုင်တတ်ကြသူတွေ ဖြစ်တာကြောင့် ဂါဝန်စကပ်တွေကသူတို့အတွက် အဆင်မပြေတတ်ပါဘူး​။ ဒါကြောင့် သင့်အတွက် မဖြစ်မနေ လိုအပ်တာကတော့ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ ဘောင်းဘီရှည်တွေပါပဲ။ ဒီတော့ ဘယ်လို ခပ်မိုက်မိုက် တွဲစပ်ဝတ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ တီရှပ်အပွ နဲ့ ဘောင်းဘီရှည်

ယောကျာ်းဆန်ဆန် ဝတ်ရတာ သဘောကျတဲ့ ပျိုမေတို့အတွက် ဒီဖက်ရှင်ကို မြင်တာနဲ့ တန်း Fall in Love ဖြစ်မိမှာပါ​။

၂။ အပြင်ထပ် Sweater Vest ဖက်ရှင်

အတွင်း အဖြူထပ်ပေါ်က Vest ဝတ်စကုပ် ဝတ်လိုက်တာက သင့်ကို ပို အထာကျစေပါတယ်။ အောက်ဘက်ဘောင်းဘီအနက်နဲ့ဆိုရင်တော့ အမိုက်ဆုံး ဖြစ်နေစေမှာပါ။

၃။ Sweatshirt

အင်္ကျီလက်ရှည် Sweatshirt တွေက အလွယ်တကူ ပေါ့ပေါ့ပါးပါး ဝတ်နိုင်ပြီး သင့်ကို ယောက်ျားလေးဆန်ဆန် လှနေစေမှာပါ။

၄။ အင်္ကျီလက်ပြတ်

အင်္ကျီလက်ပြတ်နဲ့ ဘောင်းဘီအပွတွေက မြန်မာနိုင်ငံ ရာသီဥတုနဲ့ လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါး ဝတ်ရတာ ကြိုက်တဲ့ သင်နဲ့ သင့်တော်ပါတယ်။

၅။ ဘောင်းဘီတို အပွ

သင်က အတိုဝတ်ချင်တယ်ဆိုရင် စကတ်မဟုတ်ဘဲ ဘောင်းဘီအတိုတွေ ဝတ်ဆင်နိုင်ပါတယ်။ ဘောင်းဘီအတိုက ဘယ်နေရာသွားသွား သင့်ကို လူငယ်ဆန်ဆန်လှနေစေမှာပါ။ သင်ကြိုက်သလိုလည်း ထိုင်နိုင်ပါတယ်။

၆။ အပြင်ထပ်

အပြင်ထပ်နဲ့အတူ အထဲက သင်ဝတ်ချင်တဲ့ ဖက်ရှင်ပုံစံကို တွဲဝတ်လိုက်တဲ့အခါ တစ်မူထူးခြားပြီး ပိုလှသွားစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar