Hello MyStyle Myanmar ပရိသတ်လေးတွေရေ…ရာသီခွင်လေးတွေကနေတဆင့် ကိုယ့်ရဲ့အချစ်ရေးကိစ္စတွေကို သိနိုင်တယ်ဆိုရင် စိတ်ဝင်စားကြမယ်မလား? အချစ်ရေးမှာ ကိုယ်နဲ့ ကိုယ့်ကောင်လေးက အဆင်ပြေနိုင်မလားဆိုတာကို ရာသီခွင်တွေကနေတဆင့် ဆန်းစစ်ကြည့်လို့လည်းရပါတယ်။ အဲ့ဒီထဲကမှ ဘယ်ရာသီခွင်ဖွားကောင်လေးတွေကတော့ ကိုယ့်ချစ်သူကို ဘုရင်မတစ်ပါးလို တန်ဖိုးထားပြီး သဲသဲလှုပ်ချစ်တတ်သလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်နော်။

Capricorn

အချစ်ကို ကိုးကွယ်တတ်ကြသူတွေလို့ဆိုရင်လည်း မမှားပါဘူး။ သင် အချစ်ခံရတယ်၊ ဂရုစိုက်ခံရတယ်လို့ အမြဲ ခံစားဖို့ တတ်စွမ်းသမျှလုပ်ပြီး သင့်ကို ဘုရင်မတစ်ပါးလို ဖူးဖူးမှုတ်ထားကြမယ့်သူမျိုးတွေ ဖြစ်ပါတယ်။ သင်က သူ့အတွက် ဘယ်လောက်အရေးပါတယ်နဲ့ သင့်အပေါ် သူ ဘယ်လောက်ချစ်တယ်ဆိုတာကို အမြဲထုတ်ဖော်ပြသနေမယ့်သူမျိုးလည်း ဖြစ်ပြန်ပါသေးတယ်။ ဒါကြောင့် သင့်ကို ဆုံးရှုံးသွားစေနိုင်တဲ့ ဘယ်အရာကိုမှ သူ လုပ်မှာမဟုတ်ပါဘူး။ သူတို့လိုလူမျိုးတွေနဲ့ လက်တွဲရပြီဆိုရင်တော့ သင်တို့ရဲ့အချစ်ဇာတ်လမ်းက ရုပ်ရှင်ထဲက စုံတွဲတွေလိုမျိုး၊ ပထမဆုံးစတွေ့တဲ့အချိန်ကလို စိတ်ခံစားချက်တွေ အမြဲလတ်ဆတ်နေမှာ အသေအချာပါပဲ့။

Taurus

ဒီရာသီခွင်ယောက်ျားလေးမျိုးက သင်ပျော်ရွှင်ဖို့အတွက်ဆိုရင် ဘာပဲလုပ်ပေးရ လုပ်ပေးရဆိုတဲ့အထဲမှာပါတဲ့ ယောက်ျားလေးမျိုးပဲ ဖြစ်ပါတယ်။ သင့်ကို ဂရုစိုက်မယ်၊ သဲသဲလှုပ် ချစ်မယ်၊ သင့်အနားမှာ အမြဲ အရိပ်လေးလို ရှိနေတတ်ပြီး သင့်ကို ရိုးသွားတယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ သင့်ကို စစ်မှန်တဲ့အချစ်နဲ့ချစ်ပြီး ဘုရင်မတစ်ပါးလိုလည်း တန်ဖိုးထားတတ်တဲ့ သူလည်းဖြစ်ပါတယ်နော်

Leo

ဒီရာသီဖွားတွေက လူကြီးလူကောင်းဆန်ဆန်နဲ့ ချစ်တတ်တဲ့သူတွေလို့ပြောလို့ရပါတယ်။ သူတို့က သင် ဘာလိုလဲ ပြောစရာမလိုအောင် သိတတ်ကြပြီး သစ္စာလည်း ရှိကြပါတယ်။ သူတို့ဘဝထဲမှာ တစ်ယောက်ယောက် ရှိနေရင်ကိုပဲ ပြည့်စုံနေပြီ ယူဆတတ်သူတွေဖြစ်တာကြောင့် ချစ်တဲ့သူအပေါ်ကို ချစ်မြတ်နိုးမှု၊ လေးစားမှုနဲ့အတူ ဆက်ဆံတတ်ကြပါတယ်။ သင် ပျော်ရွှင်နေရင် သူပျော်ရွှင်ရတာမို့လို့ သူ လိုချင်တာတွေကိုလည်း သင့်ပျော်ရွှင်မှုအတွက် မျက်ကွယ်ပြုလိုက်နိုင်တဲ့သူမျိုးတွေလည်း ဖြစ်ကြပါတယ်။ သင့်အပေါ်ထားမယ့် ချစ်မြတ်နိုးမှုနဲ့ တွယ်ငြိမှုတွေအတွက် ဘယ်တော့မှ နောင်တရမယ့်သူမျိုးတွေမဟုတ်တာကြောင့် Leo ရာသီဖွား ယောက်ျားလေးမျိုးနဲ့ လက်တွဲရပြီဆိုရင် သင့်အတွက်ကတော့ အလှပဆုံးအချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးနေရသလိုပဲဖြစ်မှာပါနော်။

Cancer

Cancerရာသီဖွားလေးတွေကတော့ အကဲဆတ်ပြီး ခံစားလွယ်တဲ့ အမျိုးသားတွေပဲ့ဖြစ်ပါတယ်။ ချစ်သူကို ချစ်ကြောင်းပြဖို့၊ ကြင်နာကြောင်းပြဖို့ နေ့စဉ် မပျက်ကွက်ကြတဲ့ ယောက်ျားလေးမျိုးလို့လည်း ပြောလို့ရပါတယ်။ သင့်ကို နမ်းရှုတ်မယ်၊ နွေးနွေးထွေးထွေး ပွေ့ဖက်ထားမယ်။ ဒါမျိုး ချစ်ကြောင်းပြနေပြီး သူတို့တွေဟာ ချစ်သူ အလိုရှိတာကို ဘယ်တော့မှ စိတ်ကွက်လေ့မရှိဘဲ အမြဲဖြည့်ဆည်းပေးနိုင်ဖို့ပဲ အားထုတ်ကြသူတွေလည်း ဖြစ်နေပါသေးတယ်။ သူငယ်ချင်းတွေနဲ့ အပြင်သွားပြီး ပျော်တာထက် သင်နဲ့အတူ အိမ်ထဲမှာ နှစ်ယောက်တည်း အချိန်ကုန်ဆုံးရတာကို သဘောကျတတ်တဲ့သူပဲ့ဖြစ်ပါတယ်။

Photo Source: iStock