Bollywood ကမင်းသမီးလေးတွေကိုကြည့်လိုက်ရင် မျက်ခုံးကောင်းကောင်း ဆံပင်ကောင်းကောင်းနဲ့ ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့သူတွေချည်းပါ။ ဒီလိုအလှတွေကို ပိုင်ဆိုင်ထားတဲ့ Bollywood မင်းသမီးတွေ သူတို့ရဲ့အလှအတွက် အသုံးပြုတဲ့ အရာတွေကိုဝေမျှလိုက်ပါတယ်။
Fitness
မင်းသမီးတော်တော်များများက အတွင်းပိုင်းအလှက ပိုအရေးကြီးတယ်လို့ သက်မှတ်ထားကြတာမလို့ ယောဂ၊ ရေကူး၊ လေ့ကျင့်ခန်းနဲ့ မနက်ခင်း လမ်းလျှောက်တာမျိုးကို အသားပေးလုပ်လေ့ရှိပါတယ်။
ရေဓါတ်
လူတိုင်းကျန်းမာနေဖို့က တစ်နေ့ကို ရေ 2 လီတာလောက် လိုအပ်ပါတယ်။ အလှမယ်တွေအတွက်တော့ ရေဟာ မရှိမဖြစ်လိုအပ်ရုံသာမက အလှအပအတွက်ပါ အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းပါပဲ။
နနွင်း
နနွင်းစိမ်းက အသားအရေကို ကြည်လင်တောက်ပစေတာမလို့ နနွင်းကို နို့နဲ့ ရောပြီး လိမ်းနိုင်သလို အရေပြားကို တိုက်ရိုက်လိမ်းပြီး သုံးလို့ရပါတယ်။
အုန်းဆီ
အုန်းရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်အားလုံးကို ဖယ်ရှားပေးနိုင်သလို အုန်းဆီက အသားအရေနဲ့ ဆံပင်အတွက် တကယ်အကျိုးများတဲ့အရာတစ်ခုပါ။
သံပုရာ၊ ပျားရည်နဲ့ ရေနွေးနွေး
ပျားရည်၊ သံပုရာသီးနဲ့ ရေနွေးနွေးလေးသောက်ပေးတာက သောက်ပေးတာက ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေသူတွေအတွက် အကျိုးများစေသလို ဝက်ခြံတွေကို သက်သာစေပါတယ်။
နို့နဲ့ ဒိန်ချဉ်
နို့နဲ့ ဒိန်ချဉ်ကိုလိမ်းပေးတာက Bollywood မင်းသမီးတွေရဲ့ အသားအရေအတွက် သုံးလေ့ရှိတဲ့နည်းတစ်ခုပါပဲ။