Bodyweight Butt Exercise တွေက တင်လှစေပြီး တင်ထွက်စေဖို့ အကောင်းဆုံး Exercise တွေဖြစ်တဲ့အပြင် ဝိတ်ကျပြီး ပိန်စေဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ဒီတော့ လေ့ကျင့်ခန်းတစ်မျိုးနဲ့ အကျိုးနှစ်မျိုးရစေမယ့် ဒီ Exercise တွေကို Try ကြည့်လိုက်တော့နော်။

Squats

Squats Exercise ကို အနည်းဆုံး အကြိမ် 20 လုပ်ပေးပါ။ တင်ထွက်လာစေပြီး ဝိတ်ကျပြီး ပိန်စေဖို့လည်း အထောက်အကူပြုပါတယ်။ လွယ်ကူတဲ့ Exercise ဖြစ်လို့ သေချာလုပ်ပေးပါ။

Glute Bridges

တင်ထွက်စေမယ့် Exercise တွေထဲမှာရော ဝိတ်ကျစေမယ့် Exercise တွေထဲမှာတော့ Glute Bridges Exercise က အမြဲပါပါတယ်။ လုပ်ရတာလည်း လွယ်ကူပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း အနည်းဆုံး အကြိမ် 20 လုပ်ပေးပါ။

Lunges

Lunges Exercise လုပ်တဲ့အခါမှာ ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီး ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးပါ။ တစ်ဖက်ကို 15 ကြိမ်၊ အကြိမ် 20 လောက် လုပ်ပေးပါ။

Bulgarian Split Squats

 

အနောက်မှာခုံတစ်ခုခုကိုထားပြီး ခြေထောက်တစ်ဖက်တင်ကာ ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ ဒါလည်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ လုပ်ပေးရမှာပါပဲ။ တစ်ဖက်ကို တစ်ဖက်ကို 15 ကြိမ်၊ အကြိမ် 20 လောက် လုပ်ပေးပါ။

Donkey Kicks

ဒီ Exercise မှာတော့ ခြေထောက်ကို အနောက်ဆန့်ထုတ်တာက ဘယ်ညာတစ်လှည့်စီ လုပ်ရမှာပါ။ ဘယ် အကြိမ် 20 ပြည့်ရင်၊ ညာ အကြိမ် 20 ပြောင်းလုပ်ပေးပါ။

Curtsy Lunges

တင်ထွက်စေဖို့၊ ဝိတ်ကျစေဖို့ဆိုရင် Curtsy Lunges Exercise ကလည်း မပါမဖြစ်ပါပဲ။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်ကို သေချာလေးလုပ်ပေးပါ။ သူ့ကိုလည်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် 20 စီလောက်တော့ လုပ်ပေးပါ။

Single-leg Glute Bridges

ခြေထောက်တစ်ဖက်က ဒူးထောင်၊ ခြေထောက်တစ်ဖက်က အပေါ်ကိုမြှောက်ထားပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ ဒါလည်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ်မှ အကြိမ် 30 အထိ လုပ်ပေးနိုင်ပါတယ်။ သူက ဗိုက်အဆီလည်းကျစေမယ့် Exercise ဖြစ်ပါတယ်။