တက်တူးထိုးခြင်းဟာ ယခုနှစ်တွေမှာ အလွန်ပဲ လူသိများ ထင်ရှားလာနေပါတယ်။ လေ့လာမှုတွေအရ တက်တူးထိုးထားတဲ့လူ (၄၃) ရာခိုင်နှုန်းဟာ သူတို့ချစ်မြတ်နိုးရတဲ့ အရာတွေအတွက် ထိုးကြပြီး (၃၇) ရာခိုင်နှုန်းကတော့ စတိုင်လ်ရှိစေဖို့ အတွက် ထိုးကြတယ်လို့ ဆိုထားပါတယ်။

ဆရာဝန်တွေ တက်တူးဆရာတွေကတော့ ခန္ဓာကိုယ်ပေါ်မှာ တက်တူးမထိုးသင့်တဲ့ နေရာတွေရှိကြောင်း သတိပေးထားတာတွေရှိပါတယ်။ ဒီနေ့ ဘယ်နေရာတွေက တက်တူးမထိုးသင့်ဘူးလဲဆိုတာကို ပြောပြပေးသွားမှာပါ။

တံတောင်ဆစ်

ကျွမ်းကျင်သူတွေက လက်တံတောင်ဆစ်မှာ တက်တူးထိုးဖို့ အားမပေးကြပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေရာရှိတဲ့ အရေပြားတွေဟာ ပါးလွှာပြီး ထိုးရခက်ကြောင့် အချိန်တွေအများကြီး ပေးရလေ့ရှိတာတွေကြောင့်ပါ။ ပြီးတော့ အစိုဓာတ်ကို မထိန်းသိမ်းတတ်ဘူးဆိုရင် တက်တူးတွေက မြန်မြန် မှိန်သွားတတ်ပါတယ်။

ချိုင်းကြား

ချိုင်းကြားဟာ တတ်တူးထိုးဖို့ အနာကျင်ရဆုံးနေရာပါ။ ဒါကြောင့် တက်တူးဆရာတွေက မထိုးဖို့ အကြံပေးကြတာပါ။ တကယ်လို့ထိုးမယ်ဆိုရင်လည်း တက်တူးဆရာတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။

ဒူးခေါက်ခွက်

ဒူးခေါက်ခွက်နားက နေရာဟာ အာရုံကြောတွေ အများကြီး အဆုံးသတ်တဲ့နေရာတစ်ခုပါ။ အရမ်းကြီး ထိရှ လွယ်ပါတယ်။ အပ်တစ်ချက်ပေါက်လိုက်တိုင်း အလွန်နေရခက်သလို ခံစားရကြောင့် ကျွမ်းကျင်သူတွေက ပြောထားကြပါတယ်။

လက်နှင့်လက်ချောင်းများ

ဒီနေရာတွေက တက်တူးထိုးတဲ့သူတွေကြားမှာ အရမ်းကျော်ကြားတဲ့နေရာပါ။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒီနေရာတွေမှာ တက်တူးထိုးတာကို အားမပေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေရာတွေက အကာအကွယ်တွေမရှိတဲ့နေရာပါ။ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ရတာကြောင့် တက်တူးတွေဟာ လျင်လျင်မြန်မြန်ပဲ အရောင်မှိန်သွားနိုင်ပါတယ်။

မျက်နှာ

မျက်နှာမှာ အာရုံကြော အဆုံးသတ်တွေ အများကြီးတော့ တက်တူးဆရာတွေက မျက်နှာပေါ်မှာ တက်တူးထိုးမည်ဆိုပါက (၂) သို့ (၃) နှစ်သာ ခံမည်ဖြစ်ကြောင်း ပြောထားကြတယ်။ တကယ်လို့ မျက်နှာမှာ တက်တူးထိုးမယ်လို့ ဆုံးဖြတ်ခဲ့ရင်တော့ sunscreen နေ့တိုင်းလိမ်းပေးဖို့ လိုအပ်ပါလိမ့်မယ်။

ခြေချင်းဝတ်နှင့်ညို့သကျည်း

ခြေချင်းဝတ်နှင့်ညို့သကျည်းနားက တက်တူးတွေဟာ ရူးဖိနပ်ပွတ်တိုက်မှုကြောင့် လျင်မြန်စွာ အရောင်တွေမှိန်သွားတတ်ပါတယ်။ ပြီးတော့ ဒီနေရာမှာ တက်တူးထိုးတာက ချိုင်းကြားပြီးရင် အနာဆုံးနေရာလည်းဖြစ်ပါတယ်။

တက်တူးထိုးရင်အနာဆုံးနေရာများ

အပေါ်မှာဖော်ပြထားတဲ့ပုံတွေက ယောက်ျားလေးတွေအတွက်ရော မိန်းကလေးတွေ အတွက်ပါပါဝင်ပါတယ်။

အနီရောင်ပြထားတဲ့နေရာတွေက အနာဆုံးနေရာတွေဖြစ်ပြီး လိမ္မော်ရောင်နဲ့အဝါရောင် တွေကတော့ ပုံမှန်နာကျင်နိုင်တဲ့ နေရာတွေပါ။ အပြာရောင်တွေကတော့ နာကျင်မှုသိပ်မရှိတဲ့ နေရာတွေပါ။

Source: Bright Side