ဆောင်းရာသီရောက်ပြီဆိုရင် အသားအရေကို အရင်ထက် ပိုပြီးဂရုစိုက်ရပါမယ်။ မျက်နှာအသားအရေပဲ ဂရုစိုက်နေလို့တော့ မရပါဘူး။ ခန္ဓာကိုယ်အသားအရေကိုပါ ဂရုစိုက်ပေးမှ အသားအရေလေးက ဘယ်အချိန်ကြည့်ကြည့် စိုပြည်ပြီး ကြည်ပြီး လှနေမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဆောင်းရာသီအတွက် ခန္ဓာကိုယ်အသားအရေ ထိန်းသိမ်းနည်းကို ပြောပြပေးလိုက်ပါတယ်။

ရေပုံမှန်ချိုးပါ

ဆောင်းရာသီမှာ ချမ်းလို့ဆိုပြီး ရေမချိုးပဲတော့ မနေပါနဲ့။ ရေပုံမှန်ချိုးပြီး ဂျီးတွန်းတာမျိုး ပုံမှန်လုပ်ပေးပါ။ ဒါမှ အသားအရေ မပျက်စီးမှာ၊ ညစ်ညစ်ကြီးမဖြစ်မှာပါ။

အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Body Oil နဲ့ Body Lotion လိမ်းပါ

ရေချိုးပြီးတာနဲ့ Lotion တန်းလိမ်းဖို့ မမေ့ပါနဲ့။ ဆောင်းရာသီမှာ အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Lotion မျိုးကို ရွေးလိမ်းပါ။ အသားခြောက်တတ်တဲ့သူတွေဆိုရင် Body Oil နဲ့ Body Lotion နဲ့ ရောပြီးလိမ်းပေးပါ။ ပုံမှန် Lotion ပဲ လိမ်းမယ်ဆိုရင်တော့ အသားခြောက်တာ၊ အသားပတ်တာက ဖြစ်မှာပါပဲ။ ဒါကြောင့် အရင်ထက် ၂ ဆ ပိုလိမ်းဖို့တော့ လိုပါတယ်။ တစ်နေ့ ၂ ကြိမ် Lotion လိမ်းရင်တော့ အကောင်းဆုံးပေါ့။

တစ်ပတ်တစ်ခါ Scrub လုပ်ပါ

ဆောင်းတွင်းမှာ အသားပတ်တာသက်သာပြီး အသားအရေ နူးညံ့ချောမွေ့စေဖို့၊ အသားကြည်စေဖို့၊ အသားအရေ ညစ်ညစ်ကြီး ဖြစ်မနေဖို့ တစ်ပတ်တစ်ခါ Scrub လုပ်ပေးပါ။

ရေများများသောက်ပါ

အသားအရေစိုပြည်နေမှ လှမှာပါ။ ဆောင်းတွင်းဆိုရင် အသားအရေက မွဲခြောက်ခြောက်နဲ့ ညစ်ညစ်ကြီးဖြစ်တတ်တဲ့အတွက် ရေကို ပုံမှန်ထက်ပိုပြီး များများသောက်ပေးပါ။