နွေရာသီဆိုရင် အသားအရေက ထိခိုက်ပျက်စီးလွယ်တဲ့အတွက် မျက်နှာတစ်ခုတည်းကို Skin Care နေလို့မရပါဘူး။ Body Skin ကိုလည်း သေချာ Care ပေးဖို့လိုပါတယ်။ နေလောင်လွယ်တာ၊ အသားမဲလွယ်တာလည်း နွေရာသီပါပဲ။ ဒါကြောင့် နွေရာသီအတွက် Body Skin ကို သေချာထိန်းသိမ်းနည်းကို မျှဝေပေးလိုက်ပါတယ်။

Lotion သေချာလိမ်းပါ

နေ့ဘက်တွေမှာ SPF ပါတဲ့ Lotion လိမ်းပေးပြီး ညဘက်မှာတော့ ရေဓာတ်ဖြည့်ပေးတဲ့ Lotion ပဲလိမ်းပေးပါ။ Lotion မလိမ်းရင် အသားအရေက နေလောင်ပြီး ခြောက်သွေ့တာတွေ ဖြစ်လာပြီး မွဲခြောက်ခြောက်နဲ့ ဖြစ်လာမှာပါ။

Sunscreen လိမ်းပါ

နွေရာသီမှာ အရေးအကြီးဆုံးကတော့ Sunscreen ပါပဲ။ မျက်နှာကိုပဲ Sunscreen မလိမ်းပါနဲ့။ Body ကိုလည်း Sunscreen လိမ်းပေးပါ။ Sunscreen က ဈေးကြီးလို့ Budget အဆင်မပြေဘူးဆိုရင် အိမ်မှာနေတဲ့အချိန်က SPF 30 အထက်ပါတဲ့ Lotion ကိုလိမ်းပေးပြီး အပြင်ထွက်မှသာ Sunscreen လိမ်းပေးပါ။

Exfoliate လုပ်ပါ

Exfoliate ကတော့ Body Scrub တိုက်ကြတာပါပဲ။ Dead Skin Cells တွေကို ဖယ်ရှားဖို့နဲ့ အသားအရေ ပိုကောင်းလာစေဖို့ တစ်ပတ်တစ်ခါ Exfoliate လုပ်ပေးပါ။ ဒါမှ အသားအရေကြည်လာပြီး Lotion လည်း သေချာလိမ်းမယ်၊ Sunscreen လည်း သေချာလိမ်းမယ်ဆို အရင်ထက်တောင် အသားဖြူလာမှာပါ။

အကာအကွယ်မပါပဲအပြင်မသွားပါနဲ့

နေပူထဲ ထီးမဆောင်းပဲသွားတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ အကောင်းဆုံးကတော့ နေအရမ်းပြင်းတဲ့အချိန် အပြင်ထွက်မယ်ဆိုရင် ချည်သားလက်ရှည်အပါးလေးတွေ ဝတ်တာပဲဖြစ်ဖြစ်၊ ထီးသေချာဆောင်းတာပဲဖြစ်ဖြစ် အမြဲလုပ်ပါ။ ဒါဆိုရင် အသားအရေ ထိခိုက်ပျက်စီးမှာ မဟုတ်ပါဘူး။ အသားမဲမှာလည်း စိတ်ပူစရာမလိုတော့ပါဘူး။

အသားအရေထိန်းသိမ်းခြင်း

အသားဖြူပြီး အသားအရေ ပိုလှလာတာမျိုး လိုချင်ရင်တော့ နောက်ထပ် ထပ်တိုးအနေနဲ့ တစ်လတစ်ခါ ပုံမှန် Spa သွားပေးတာမျိုး၊ Collagen သောက်တာမျိုးကို လုပ်ပေးနိုင်ပါတယ်။