မိန်းကလေးတွေအတွက် body shape ပိုလှလာစေဖို့ အိပ်ယာပေါ်မှာပဲ အေးဆေးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အိပ်ယာပေါ်မှာ လုပ်လို့ရတယ်ဆိုတော့ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းနေတဲ့သူတွေအတွက် ပိုပြီးအဆင်ပြေမှာပါ။

ပထမပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို နည်းနည်းမြှောက်ထားပါ။ ပြီးရင် အပေါ်ကို ၉၀ ဒီဂရီမြှောက်ပစ်ပါ။ အဲ့အတိုင်း တစ်လှည့်စီ ၁၀ ကြိမ်လုပ်ပေးရုံပါပဲ။ လက်နှစ်ဖက်ကို အိပ်ယာနဲ့ကပ်ထားပါ။

ပထမပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးနှစ်ဖက်ကို စုံထောက်ထားပြီး ခန္ဓာကိုယ်ကို ကော့ထားပေးပါ။ ပြီးရင် ဒုတိယပုံထဲကလို ဘယ်ခြေထောက်ကိုမြှောက်ပါ။ ပြန်ချပါ။ ပြီးရင်ပြန်မြှောက်ပါ။ အဲ့တိုင်း ဘယ် ၁၀ ကြိမ် ၊ ညာ ၁၀ ကြိမ်စီ လုပ်ပေးရပါမယ်။

ခြေထောက်နဲ့လက်က ိုနည်းနည်းစီကားပြီး ဆန့်ထုတ်ထားပါ။ ပြီးရင် ဒုတိယပုံထဲကအတိုင်း ခန္ဓာကိုယ်ကို ၉၀ ဒီဂရီထားပြီး ထိုင်ရပါမယ်။ လက်နှစ်ဖက်ကိုလည်း ရှေ့ကို ဆန့်ထုတ်ထားရပါမယ်။ ပြီးရင် ပြန်လှဲပါ။ ပြန်ထပါ။ အဲ့အတိုင်း ၁၅ ကြိမ်လုပ်ပေးရပါမယ်။

ပထမပုံထဲကလို ခြေထောက်နှစ်ဖက်ကိုစုပြီး ဘေးတစ်စောင်းလှဲနေပါ။ ပြီးရင်တော့ ခြေထောက်ကို ဒုတိယပုံထဲကလို ၂ စက္ကန့် မြှောက်ထားပေးပါ။ ပြီးရင် ခြေထောက်ပြန်ချပါ။ ၂ စက္ကန့် ပြန်မြှောက်ထားပါ။ အဲ့အတိုင်း ဘယ်ဘက်စောင်းလှဲပြီး ၁၅ ကြိမ်၊ ညာဘက်စောင်းလှဲပြီး ၁၅ ကြိမ် လုပ်ပေးရပါမယ်။

ပထမပုံထဲကလို ခြေထောက်ကိုမြှောက်ထားပါ။ ပြီးရင်တော့ ဒုတိယပုံထဲကလို ဒူးကိုကွေးလိုက်ပါ။ ပြီးရင် ပြန်မြှောက်ပါ။ ပြန်ကွေးပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။ လက်နှစ်ဖက်ကို အိပ်ယာနဲ့ကပ်ထားရပါမယ်။

အိပ်ယာပေါ်မှာ လှဲနေပြီး ဘယ်ခြေထောက်ကို ၉၀ ဒီဂရီမြှောက်လိုက်၊ ပြန်ချလိုက်နဲ့ ၁၅ ကြိမ် လုပ်ပေးရပါမယ်။ ၁၅ ကြိမ်ပြည့်ရင် ညာခြေထောက်ကို ဒီအတိုင်းပဲ ၁၅ ကြိမ် ထပ်လုပ်ပေးရပါမယ်။

ပထမပုံမှာပြထားတဲ့အတိုင်း ခြေထောက်၊ လက်၊ ခါးတို့ကို ဆန့်ပြီး လေးဘက်ထောက်ထားရပါမယ်။ ပြီးရင်တော့ ဒုတိယပုံထဲကလို ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ပါ။ ပြီးရင် ဒူးပြန်ထောက်ပါ။ အဲ့အတိုင်း ၁၅ ကြိမ်လုပ်ပေးရပါမယ်။ ဒါလည်း ဘယ်၊ ညာ တစ်လှည့်စီပါ။

source:www.brightside.me