မျက်မှန်တပ်ရတဲ့လူတော်တော်များများက ပုံမှန်ထက် ဉာဏ်ကောင်းတယ်လို့ ယူဆထားကြပါတယ်။ လေ့လာမှုတွေအရ ဒီ ယူဆမှုတွေတချို့က မှန်နေတယ်လို့ ဆိုထားကြပါတယ်။ သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရလည်း လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ အဲ့ဒီလူရဲ့ ဉာဏ်ရည်မြင့်မားမှုကို ဖော်ဆောင်နေတယ်လို့ ဆိုထားပါတယ်။ ဒီနေ့မှာ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေက လူတစ်ယောက်ရဲ့ ဉာဏ်ရည်မြင့်မားမှုကို ဖော်ပြနေလဲဆိုတာကို ပြောပြပေးသွားမှာပါ။

(၁) အရပ်ရှည်ခြင်း

ပုံမှန်ထက်အရပ်ပိုရှည်တဲ့သူတွေဟာ အရပ်ပုတဲ့သူတွေထက် ဉာဏ်ရည်ပိုကောင်းကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့ သီအိုရီတွေအရ အရပ်ရှည်တဲ့သူတွေဟာ အလုပ်ခွင်ထဲတွင် ဦးဆောင်မှုအပိုင်း၌ အခွင့်အရေးပိုများပြီး သတင်းအချက်အလတ်တွေ ရရှိမှုအပိုင်းမှာလည်း ပိုမိုလွယ်ကူလေ့ရှိကြပါတယ်။ သူတို့တွေဟာ အလုပ်ကောင်းကောင်းရဖို့လည်း အခွင့်အရေးပိုများပြီး သူတို့ရဲ့ကလေးတွေကိုလည်း သင်ကြားပြသပေးရာမှာ တော်ကြတယ်လို့ဆိုထားပါတယ်။

(၂) အပြာရောင် မျက်လုံးပိုင်ဆိုင်ထားသူများ

အပြာရောင်မျက်လုံးပိုင်ဆိုင်ထားသူတွေဟာ ဉာဏ်ရည်မြင့်မားကြတယ်လို့ ဆိုထားပါတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေဖြစ်တဲ့ Stephen Hawking နှင့် Marie Curie တို့ဟာလည်း အပြာရောင် မျက်လုံးပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။

(၃) ခေါင်းကြီးတဲ့သူများ

ဦးနှောက်အရွယ်အစားကြီးတာနဲ့ ဉာဏ်ကောင်းတာနဲ့ ဆိုင်မဆိုင်ကို အခုထက်ထိ အငြင်းပွားမှုရှိနေဆဲပါ။ ခေါင်းကြီးတဲ့သူတွေက ပုံမှန်လူတွေထက် ဉာဏ်ကောင်းကြပါတယ်။ အာရုံကြောသိပ်သည်းဆနည်းပါးခြင်းက ဦးနှောက်ကို ကောင်းကောင်းအလုပ်လုပ်စေဖို့ အထောက်အကူဖြစ်စေတာပါ။

(၄) နဖူးကျယ်ခြင်း

တရုတ်တွေရဲ့ မျက်နှာဖတ်နည်းတွေအရ နဖူးကျယ် ပိုင်ဆိုင်ထားသူတွေဟာ ဉာဏ်ကောင်းပြီး အလုပ်လုပ်ရာမှာ ကျွမ်းကျင်ပိုင်နိုင်မှုရှိကြတယ်လို့ ဆိုထားပါတယ်။ ယေဘုယျအားဖြင့် သူတို့တွေဟာ အလုပ်တွေကို အချိန်မီပြီးစီးအောင် လုပ်ဆောင်နိုင်ကြပြီး အလုပ်အကြောင်းကိုလည်း အများကြီးသင်ပြရှင်းပြနေစရာမလိုအပ်ပါဘူး။

(၅) ချွန်သောမေးစေ့ရှိခြင်း

မေးစေ့သေးပြီးချွန်တဲ့သူတွေဟာ ပိုပြီးဉာဏ်ကောင်းကြပါတယ်။ ဒီခန္ဓာကိုယ်ဖတ်နည်းကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာခဲ့ကြတာပါ။ ဒါပေမဲ့ မေးစေ့ကြီးတဲ့သူတွေကတော့ ပုံမှန်ထက်ဉာဏ်နှိမ့်တယ်လို့ ယူဆထားကြပါတယ်။

(၆) ကိုယ်ပေါ်မှာ အမွေးအမျှင်များခြင်း

ပိန်ပြီး ခန္ဓာကိုယ်ပေါ်မှာ အမွေးအမျှင်များတဲ့ အမျိုးသားတွေဟာ IQ မြင့်လေ့ရှိကြပါတယ်။ သူတို့တွေက ကျောင်းမှာလည်း စာတော်ကြပါတယ်။ လေ့လာမှုတွေအရ အမေရိကန် နိုင်ငံရဲ့ ကျွမ်းကျင် ဆရာဝန်တဝက်နီးပါးလောက်ဟာ အမွေးအမျှင် ထူကြတယ်လို့ ဆိုထားပါတယ်။