တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးစတွေ့တဲ့အချိန်မှာ First Impression က တကယ်ကိုအရေးကြီးပါတယ်။ သင့်ကိုအမြင်နဲ့ဆုံးဖြတ်တဲ့အခါ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေကိုပေးနိုင်ဖို့အတွက်က မျက်နှာအမူအရာ အဝတ်အစားတွေသာမဘဲ သင့်ရဲ့အပြူအမူကလည်း အရေးကြီးပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က သင့်ကိုစတွေချိန်မှာ အထင်ကြီးစေချင်ရင် ဒီအချက်တွေကို သတိထားပါ။

Social Situations ကြုံလာတဲ့အခါ သင့်လက်တွေက အရမ်းအရေးကြီးပါတယ်။ သင့်လက်တွေကို အိတ်ကပ်ထဲထည့်ထားတာက သင်က နည်းနည်း သီးသန့်နေတယ်လို့ဆိုလိုတာပါ။ တစ်ခုခုကိုရှင်းပြတဲ့အခါ အာရုံစူးစိုက်မှု ရအောင်လုပ်ဖို့အတွက် လက်ကိုဝှေ့ယမ်းပြတာက ယုံကြည်မှုကိုပြတာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်လို့ မြင်စေချင်ရင်တော့ လက်တွေကိုသုံးဖို့ မကြောက်ပါနဲ့။

တစ်ယောက်ယောက်စကားပြောနေချိန်မှာ သင်နားထောင်နေကြောင်းပြသဖို့ ခေါင်းကိုညိတ်တာ ဒါမှမဟုတ် စောင်းထားပါ။ ဒါက သင့်အတွက် သဘာဝမကျဘူးလို့ထင်ရရင်တောင်မှ လူတွေက ဒီလိုကြင်နာတဲ့အမူအရာကို သဘောကျပါလိမ့်မယ်။

တစ်ယောက်ယောက်က သင့်ကိုစကားလာပြောချိန်မှာ သင်က စိတ်ဝင်စားမှုမရှိရင် ပျင်းနေရင်တောင်မှ သက်ပြင်းမချ ၊ မျက်နှာကျက်ကို မကြည့် ၊ နာရီကို မကြည့်ပါနဲ့။ ဒါတွေလုပ်မိရင် သင်က စိတ်မရှည်သူလို့ အများက ထင်သွားနိုင်ပါတယ်။ ဒါကြောင့် စိတ်ရှည်သည်းခံမှုကို ပြသပါ ။ အနည်းဆုံးတော့ သင့်ရဲ့စိတ်မရှည်မှုကို သိသာထင်ရှားအောင် မလုပ်မိပါစေနဲ့။

လူတွေက သင့်ကို အထင်ကြီးစေချင်တယ်ဆိုရင်တော့ အရေးကြီးဆုံးအီးမေးလ်နဲံ မက်ဆေ့ဂျ်တွေရှိနေရင်တောင်မှ လူအများကြားမှာ ဖုန်းမသုံးပါနဲ့။ ဒါဟာ မယဉ်ကျေးပါဘူး။ ဒါကြောင့် မလုပ်ပါနဲ့။

သင့်င်ရဲ့ ကိုယ်ဟန်အနေအထားကို သတိထားပါ။ တစ်ချို့လူတွေက ရိုးရိုးရှင်းရှင်းလေး နဲ့ပိုဆွဲဆောင်မှုရှိပုံပေါ်နေတာကို သတိထားမိမှာပါ။ ဖိနပ်ကောင်းကောင်း၊ မိတ်ကပ်၊ စျေးကြီးတဲ့ ရေမွှေး… ဒါတွေက ကိုယ်နေဟန်ထားကို ဘယ်လိုထိန်းသိမ်းရမှန်းမသိရင် ဘာမှအဓိပ္ပာယ်မရှိပါဘူး။ သင့်ကိုယ်ဟန်အနေအထားကို မြှင့်တင်ဖို့ ယောဂနဲ့ လေ့ကျင့်ခန်းတချို့ လုပ်လို့ရပါတယ်။

သူစိမ်းတွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ ရှိနေရင် ဆက်သွယ်ဖို့ နည်းလမ်းက မျက်လုံးပါ။ ခြေထောက်ကိုဘဲ စိုက်ကြည့်နေရင် တခြားလူတွေနဲ့ အဆက်အသွယ်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် အခန်းပတ်ပတ်လည်ကို ကြည့်ပြီး တခြားလူတွေနဲ့ ဆက်သွယ်ရဖို့ လွယ်ကူအောင်လုပ်ပါ။