Body Shape ပေါ်တာမျိုးကြိုက်တဲ့ ကောင်မလေးတွေအတွက် Fashion ကျပြီး လှပနေစေမယ့် Body Fit Dress Outfit Idea တွေကို မျှဝေပေးလိုက်ပါတယ်။ Body Fit ဝတ်ချင်ပေမယ့် Fashion ကျအောင် ဘယ်လိုမျိုး တွဲဖက်ဝတ်ဆင်ရမလဲ မသိတဲ့သူတွေအတွက်လည်း ဒီ Outfit Idea လေးတွေက အရမ်းအသုံးဝင်စေမှာပါ။
ကြိုးတစ်လုံး Body Fit Dress ဆိုရင် အေးတဲ့နေ့မျိုးမှာ ဒီလိုအပေါ်ထပ်အင်္ကျီ ခါးရှည်လေး ထပ်ဝတ်ပြီး Sneakers အဖြူလေး စီးလိုက်ပါ။
ဒီလိုမျိုး Body Fit Dress အတို၊ လက်ရှည်လေးဆိုရင်တော့ Boots အမဲလေးစီးပြီး ဒီလို Shoulder Bag လေးလွယ်ပါ။ ပိုမိုက်ပါတယ်။ လည်ပင်းပြဲရင် ဆွဲကြိုးလှလှလေးတွေ ဝတ်ဖို့လည်း မမေ့နဲ့နော်။
Floral Body Fit Dress အတိုလေးတွေ ဝတ်မယ်ဆိုရင်လည်း ဒေါက်ဖိနပ်စီးမယ့်အစား Boots အမဲစီးပြီး ဒီလို Shoulder Bag လေးလွယ်တာက ပိုပြီး Fashion ကျပါတယ်။
ဒီလို Body Fit Dress မျိုးဆိုရင်တော့ ဒေါက်ဖိနပ်စီးပြီး လှပကြော့ရှင်းနေတဲ့ Style မျိုးလေး ဝတ်စားသွားပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိနေမှာ သေချာပါတယ်။
ဆွဲဆောင်မှုရှိတဲ့ ဒီလို Body Fit Dress မျိုးကတော့ သေချာပေါက် ဒေါက်ဖိနပ်နဲ့ပဲ လိုက်ဖက်ပါတယ်။ ပွဲတက်အတွက် အဆင်ပြေတဲ့ Outfit လေးပါပဲ။
Body Fit Dress အရှည်ဆိုရင်လည်း ဒေါက်ဖိနပ်နဲ့ပဲ လိုက်ဖက်ပါတယ်။
လူငယ်ဆန်ပြီး Fashion ကျကျ Style ကျလှပနေစေမယ့် Outfit Idea လေးပဲ ဖြစ်ပါတယ်။
ဒါကတော့ လူငယ်ဆန်ပြီး ပေါ့ပါးတဲ့ Look မျိုးလေးရစေမယ့် Outfit Idea လေးဖြစ်ပါတယ်။
ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုလည်းရှိစေမယ့် Outft လေးပါ။
အခွဲမပါတဲ့ ဒီလို Body Fit Dress အရှည်မျိုးဆိုရင်တော့ Sneakers အဖြူလေးတွေနဲ့လည်း လိုက်ဖက်သလို ဒေါက်ဖိနပ်နဲ့လည်း လိုက်ဖက်ပါတယ်။ ဖိနပ်အပါးလှလှလေးတွေနဲ့လည်း လိုက်ဖက်တာပါပဲ။
ခရီးထွက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါး အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ Outfit Idea လေးပါ။ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိရှိနဲ့ လှနေမှာပါ။
ဆွဲဆောင်မှုရှိပြီးလှပကျော့ရှင်းအောင် ဒီလို Body Fit Dress Outfit လေးကိုလည်း ဝတ်ကြည့်နော်။
Photo source:www.pinterest.com