ပိန်ပိန်သွယ်သွယ်နဲ့ အရပ်ရှည်တဲ့ကောင်မလေးတွေအတွက် လှပတဲ့ Body fit dress fashion တွေကို ဖော်ပြပေးလိုက်ပါတယ်။ ပိန်တယ်ဆိုပြီး fit ဝတ်တာတွေနဲ့ မလိုက်ဘူးမထင်ပါနဲ့။ ပိုတောင်လိုက်ပါသေးတယ်။

Body fit dress ကြိုးတစ်လုံးလေးတွေဝတ်ပြီး အပေါ်ကနေ cardigan လေးထပ်ဝတ်တာမျိုးက ချစ်ဖို့လည်းကောင်း၊ လှလည်းလှတဲ့ fashion မျိုးပါ။ ပိန်ပိန်သွယ်သွယ်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။

ဒီလို body fit dress လေးတွေဝတ်မယ်ဆိုရင် ဒေါက်ဖိနပ်လေးတွေစီးတာနဲ့ ပိုလိုက်ပါတယ်။ ဆွဲဆောင်မှုရှိပြီး လှနေစေမယ့် fashion မျိုးပါ။

ပိန်လို့၊ လက်မောင်း အရမ်းသေးနေလို့ဆိုပြီး လက်ပြတ်မဝတ်ပဲ မနေပါနဲ့။ ကိုယ်ဝတ်ချင်တာ အကုန်ဝတ်ပါ။ Fashion ကျကျ style ကျကျ ဝတ်တတ်ရင် အကုန်လှပါတယ်။ ဒီလို body fit dress လေးဆို ဒေါက်ဖိနပ်လေးပါ စီးလိုက်ရင် လုံးဝ perfect ပါပဲ။

Body fit dress ကိုမှ ဒီလိုအရှည်မျိုးလေးလည်း ဝတ်လို့ရပါသေးတယ်။ ပိန်ပိန်ရှည်ရှည်လေးတွေနဲ့ ပိုလိုက်ပါတယ်။ ဒေါက်ဖိနပ်လေးတွေသာ စီးလိုက်ပါ။

ဒီလို body fit dress လေးဆိုရင် boots လေးတွေစီးပြီးဝတ်ရင် အရမ်းမိုက်ပါတယ်။ ပိန်ပိန်သွယ်သွယ် အရပ်ရှည်ရှည်လေးတွေနဲ့ဆို ပိုတောင်မိုက်ပါသေးတယ်။

ဒီလို style ကျကျလေး ဝတ်တာလည်း အရမ်းမိုက်ပါတယ်။ ပိန်ပိန်သွယ်သွယ် အရပ်ရှည်ရှည်လေးဆို ဒါမျိုးလေးတွေသာဝတ်ပါ။

ဒီလို body fit dress လေးတွေကျတော့ ချစ်ဖို့ကောင်းတဲ့အတွက် sneakers လေးတွေစီးပြီး ဝတ်ပါ။

ဒီလို body fit dress လေးတွေဆို boots အမဲလေးတွေစီးပြီးဝတ်ပါ။ အရမ်းမိုက်ပြီး လှလည်းလှပါတယ်။

အရမ်း body fit မဖြစ်တဲ့ ဒီလို dress လေးတွေဆိုလည်း ဝတ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းတာကြောင့် ပိန်ပိန်ရှည်ရှည် ကောင်မလေးတွေနဲ့ အရမ်းလိုက်ပါတယ်။