အားလုံးပဲမင်္ဂလာပါနော်။ ဆံပင်အတိုလေးညှပ်ဖို့ စဉ်းစားနေတဲ့သူတွေရှိလားရှင့်။

အဲဒီလိုညှပ်ဖို့စဉ်းစားနေပေမယ့် ငါနဲ့ရော လှမှလှပါ့မလား။ ဘယ်လိုပုံကြီးဖြစ်လာမလဲလို့ စိတ်ပူနေလို့ ဆံပင်ညှပ်ရမှာကို တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတယ်ဆိုရင်တော့ ဒီဆံပင်ပုံလေးတွေကိုကြည့်လိုက်ပါဦးနော်။

အရမ်းမိုက်ပြီး အမြဲတမ်းဂေါ်နေစေမယ့် ဆံပင်ပုံလေးတွေမျှဝေပေးချင်ပါတယ်။

ဒါပေမယ့် ဆံပင်ပုံလေးတွေကို မဖော်ပြခင်မှာ ဆံပင်ညှပ်တော့မယ်ဆိုရင် ကိုယ်နဲ့လည်း တကယ်အဆင်ပြေပြီး ဆံပင်ညှပ်တာကျွမ်းကျင်တဲ့ ဆိုင်ကိုသေချာရွေးချယ်စေချင်ပါတယ်။

ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေဆီက စုံစမ်းကြည့်ပါ။ ဆံပင်ညှပ်တာကောင်းတဲ့ဆိုင်တွေကိုသေချာရွေးချယ်ပါ။

ဒါဆိုရင်တော့ ဆံပင်အတိုပုံလေးတွေကို ကြည့်လိုက်တော့မယ်နော်။

ဆံပင်အတိုလေးက ကောက်ကောက်၊ ဖြောင့်ဖြောင့် အဆင်ပြေပါတယ်။ အရမ်းအတိုကြီး ညှပ်ပစ်တာမျိုးမဟုတ်ဘဲ၊ ဆံပင် ဂုတ်ဝဲလောက်၊ ပုခုံးအတိ၊ ပုခုံးအကျော်လောက်လေးညှပ်တာ ပိုပြီးချစ်စရာကောင်းမယ်၊ လူတိုင်းနဲ့လည်းလိုက်ဖက်မယ်လို့ ထင်ပါတယ်။

ဒါ့ကြောင့် ဒီတခေါက် ဆံပင်အတိုလေးတွေမှာ အဲဒီလို ပုခုံးအကျော်၊ ပုခုံးအတိ၊ ကုတ်ဝဲ ဆံပင်ပုံလေးတွေကိုပဲ မျှဝေပေးထားပါတယ်နော်။


Photo: www.pinterest.com

By: MyStyle Myanmar