ကိုယ့်မျက်နှာကျကို ပိုလှသွားစေပြီး လိုက်ဖက်တဲ့ Blush ဆွဲနည်း ရှာရတာက ခက်ခဲနိုင်ပါတယ်။ တချို့ မိန်းကလေးတွေဆိုရင် ပါးနီကို ဘယ်နား ခြယ်ရမယ် မသိတာကြောင့် လုံးဝ မခြယ်တော့တဲ့ သူတွေလည်း ရှိပါတယ်။ ဒီလို မိန်းကလေးတွေ ပါးနီလှလှလေး ပြန်ခြယ်နိုင်ဖို့၊ ခြယ်နေကျ မိန်းကလေးတွေလည်း ပိုလှသွားဖို့ မျက်နှာပုံစံ အလိုက် ခြယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။
Round Face
မျက်နှာ ဝိုင်းတဲ့ သူတွေအနေနဲ့ ပါးနီကို ပါးရိုးအတိုင်း V Shape လေး အပေါ်ဘက် Blend ကာ ခြယ်သင့်ပါတယ်။
Oval Shape
ဘဲဥပုံစံ မျက်နှာတွေကတော့ အချိုးအစား အကျဆုံး မျက်နှာကျ ပုံစံပါ။ သင့်လက်ကလေးနဲ့ ပါးပေါ်က အထင်ရှားဆုံးနေရာပေါ် တင်ကာ အပေါ်ဘက်ဆီ Blend သွားသင့်ပါတယ်။
Square Shape
လေးထောင့်မျက်နှာကျ ပိုင်ရှင်တွေအနေနဲ့တော့ ပါးနီကို ပါးအို့ပေါ် စခြယ်ကာ အပေါ်ဘက်ကို Blend ပေးရပါမယ်။ ပြီးနောက် Blush ကို သင့်နဖူးပေါ်နဲ့ မေးစေ့ပေါ် အနည်းငယ် ပုတ်ပေးရပါမယ်။ ဒီလိုလုပ်တာက Square Face ကို ပိုသွယ်သွားစေပါတယ်။
Diamond Face
Diamond Face တွေ အနေနဲ့တော့ နဖူးက ပိုထင်ရှားလေ့ရှိတာကြောင့် ဒီပေါ် Attention မရအောင် လှည့်စားပေးရပါမယ်။ ပါးရိုးအထက်ဆီ သေချာ Blend ပြီး ခြယ်ပေးရပါမယ်။
Heart-Shaped Face
Heart-Shaped Face တွေက ချစ်ဖို့ကောင်းတဲ့ မျက်နှာကျပါ။ ဒီ မျက်နှာ Shape အတွက် ပါးရိုးအောက်ဘက်ကို စကာ နားနေရာအထိ ပုတ်ပြီး လိမ်းပေးရပါမယ်။ Brush သုံးမယ်ဆိုရင် အပေါ်ဘက် ဦးတည်ချက်နဲ့ သွားကာ စက်ဝိုင်းပုံစံ ခြယ်ပေးရပါမယ်။
Rectangular Face
ထောင့်မှန်စတုဂံပုံစံ မျက်နှာပိုင်ရှင်တွေအနေနဲ့ ပါးနီကို မျက်လုံးအောက် အပြင်ဘက်ကနေ စခြယ်ပြီး သဘာဝဆန်ဆန် ပုံစံရဖို့ သေချာ Blend ပေးရပါမယ်။
Triangle Face
Triangle face ပိုင်ရှင် မိန်းကလေးတွေက နဖူးကျယ်လေ့ရှိပြီး မေးစေ့ သေးသွားလေ့ရှိပါတယ်။ နဖူး Attention ပျောက်သွားအောင် ပါးရိုးဘေးဘက် V Shape ပုံစံ ခြယ်ပေးရပါမယ်။ နဖူးနားထိ အသာလေးခြယ်ကာ မျက်ခုံးနားပါ ပါးပါးလေး ခြယ်ပေးရပါမယ်။
Photo Source: Pinterest
By MyStyle Myanmar