သွေးအမျိုးအစားလိုက် ကိုယ့်ရဲ့နေထိုင်မှုပုံစံ ၊ အကျင့်တွေက ကွဲပြားသွားတတ်ပါတယ်။ သင်က A သွေးပိုင်ရှင်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ သင့်သွေးက A သွေးဖြစ်လို့ပဲဖြစ်ဖြစ် သင့်ကောင်လေး ဒါမှမဟုတ် ကောင်မလေးက A သွေးပိုင်ရှင်ဖြစ်လို့ပဲဖြစ်ဖြစ် “A” သွေးပိုင်ရှင်တွေအကြောင်း သိချင်ရင်တော့ ဒီအကြောင်းအရာကို ဆက်ဖတ်လိုက်ပါနော်-

၁။ A သွေးပိုင်ရှင်တွေက စိတ်ထိခိုက်လွယ်ကြပါတယ်။ ပါးနပ်မှုရှိပါတယ်။ အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေနေထိုင်တတ်ပါတယ်။

၂။ ငြိမ်းငြိမ်းချမ်းချမ်းနေရတာကြိုက်ပြီး စိတ်ရှည်ကြပါတယ်။ ငြိမ်းချမ်းရေးသမားမို့ ရန်ပွဲဆိုရင် ရှောင်တတ်ကြပါတယ်။


၃။ နေရာဒေသတစ်ခုရဲ့ ချမှတ်ထားတဲ့စည်းမျဉ်းတွေကို ဘယ်တော့မှ မချိုးဖောက်တတ်ပါဘူး။

၄။ တခြားသူတွေရဲ့ အထင်အမြင်ကို ဂရုစိုက်ပြီး စံသတ်မှတ်ချက်တွေနဲ့ နေထိုင်လေ့ရှိပါတယ်။


၅။ ဆုံးဖြတ်ချက်တစ်ခုချဖို့ အချိန်ယူတတ်ကြပြီး တစ်ခါလုပ်ရင် အလုပ်တစ်ခုတည်းပဲလုပ်တတ်ပါတယ်။

၆။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို A သွေးပိုင်ရှင်တွေက သန့်ရှင်းသပ်ရပ်အောင် စီမံတတ်ကြပါတယ်။

၇။ A သွေးပိုင််ရှင်တွေက အလွယ်တကူ စိတ်ဖိစီးလွယ်ကြပါတယ်။


၈။ ကြင်နာတတ်ပြီး အရှက်အကြောက်ကြီးပါတယ်။ ခေါင်းမာတတ်ကြပြီး ယဉ်ကျေးသိမ်မွေ့သူတွေလည်းဖြစ်ပါတယ်။

၉။ သစ္စာရှိကြပါတယ်။ ပြီးတော့ ဇွဲကောင်းသူတွေဖြစ်ပါတယ်။ အလုပ်တစ်ခုလုပ်ရင် အစီအစဉ်တကျ စီမံခန့်ခွဲလုပ်တတ်သူတွေဖြစ်ပါတယ်။

၁၀။ စိတ်အစွဲအလန်းကြီးပါတယ်။ လူတစ်ယောက်ကို မခင်ဘူးဆိုရင် သူတို့ရဲ့ အမူအရာခံစားချက်တွေကို ဖုံးကွယ်ထားတတ်ကြပါတယ်။

သင်က ဒီအချက် (၁၀) ချက်လုံးနဲ့ ကိုက်ညီရဲ့လား ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar