အခုအချိန်မှာ K-pop ဟာ တစ်ကမ္ဘာလုံးကို ဖက်ရှင်ပိုင်းပဲဖြစ်ဖြစ် သီချင်းပိုင်းပဲဖြစ်ဖြစ် လွှမ်းမိုးထားတယ်ဆိုတာကို အားလုံးလည်း သိထားပြီးကြမှာပါ။ အထူးသဖြင့် K-pop လောကကို ဦးဆောင်နေတဲ့ BTS, Blackpink တို့ဆိုရင်ပေါ့။

အခုတစ်ခေါက်မှာတော့ ဖက်ရှင် Icon တစ်ဦးဖြစ်တဲ့ Blackpink အဖွဲ့ဝင် Jennie ရဲ့ တေးဂီတလောကကိုသာမက ဖက်ရှင်နဲ့ အလှအပနယ်ပယ်မှာပါ လွှမ်းမိုးထားမှုကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းဖက်ရှင်နဲ့ အလှအပ Brands တွေဆိုရင်လည်း သူမကို Ambassador ရွေးထားတာက အများကြီးပါပဲနော်။ တချို့တွေဆို Ambassador လုပ်တာက နှစ်အနည်းငယ်ပဲဆိုပေမယ့် Jennie ရဲ့ အရှိန်အဝါကတော့ ငါးနှစ်ကျော်သွားတာတောင်မှ Ambassador အဖြစ် ဆက်လက်ရွေးချယ်ထားတုန်းပါပဲ။

ကဲ..ဒါဆိုရင် Jennie ကို အခုချိန်ထိ လက်မလွှတ်နိုင်သေးတဲ့ ကမ္ဘာကျော် Brand တွေက ဘာဖြစ်မလဲဆိုတာ အခုပဲ ကြည့်လိုက်ရအောင်နော်။

1. Chanel

Luxury နဲ့ ကျက်သရေရှိမှုတို့ကို စံနမူနာထားတဲ့ Chanel တံဆိပ်ဟာ Jennie ကို သူတို့ရဲ့ Ambassador အနေနဲ့ ရွေးချယ်ခဲ့တာ ရှစ်နှစ်တောင်ရှိသွားပါပြီ။ Chanel ရဲ့ Image နဲ့ အင်မတန်လိုက်ဖက်မှုကြောင့် အခုချိန်ထိ Chanel ရဲ့ Global Muse ဖြစ်နေတာပါ။

2. Adidas

ကမ္ဘာတစ်လွှား လူကြိုက်များလှတဲ့ Sportswear တံဆိပ် Adidas ဟာဆိုရင်လည်း Jennie နဲ့ အလုပ်တွဲလုပ်လာတာ ၇ နှစ်ရှိပါပြီ။

3. Hera Beauty

တောင်ကိုရီးယားနိုင်ငံက နာမည်ကြီးနေတဲ့ မိတ်ကပ် Brand ဖြစ်တဲ့ Hera Beauty ဟာဆိုရင်လည်း Jennie ကို သူတို့တံဆိပ်ရဲ့ မော်ဒယ်လ်အနေနဲ့ ရွေးချယ်ခဲ့တာ ၆ နှစ်ရှိသွားပါပြီ။

4. Gentle Monster

မျက်မှန်နဲ့ ပတ်သက်ပြီး ထိပ်တန်း Brand တွေထဲမှာ Gentle Monster ကလည်း တစ်ခု အပါအဝင်ဖြစ်ပြီးတော့ Jennie နဲ့ ၅ နှစ်ကျော်ကြာ လက်တွဲမှုကြောင့် ပိုပြီးလူသိများလာခဲ့တယ်ဆိုလည်း မမှားပါဘူး။

5. Calvin Klein

Jennie ရဲ့ Brand လွှမ်းမိုးမှုကြီးထဲမှာ နောက်ထပ်ပါနေတဲ့ တံဆိပ်တစ်ခုကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Calvin Klein လည်း ပါနေပါတယ်။ လက်တွဲပြီး လုပ်ကိုင်လာခဲ့တာလည်း ငါးနှစ်ကျော်ပါပြီ။