ဆားဝက်ခြံရှိနေလို့ အမြဲလိုလို စိတ်ညစ်ကြရတယ်မဟုတ်လား။ အလှအပကြိုက်တဲ့ ပျိုမေတို့အတွက်ဆို ပိုလို့တောင် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ချွေးပေါက်ကျယ်တာ အဆီပြန်တာတို့လည်း ဆားဝက်ခြံကြောင့်ဖြစ်စေပါတယ်။ ဆားဝက်ခြံကြောင့် အရေပြား ကြမ်းတမ်းပြီး အစက်အပြောက်တွေ ရှိနေလို့ အိုမင်းရင့်ရော်သလိုထင်ရစေပါတယ်။ ဒါ့ကြောင့် မိမိကိုယ့်ကို ယုံကြည်မှုလျှော့နည်းလာရတယ်ဆိုရင် သဘာဝနည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

အဆီပြန်တာကို ထိန်းညှိပေးပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေကို သက်သာစေမဲ့အပြင် အသားအရေ ကြမ်းတမ်းတာကိုပါသက်သာစေမှာပါ။ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းမို့လည်း စာဖတ်သူတို့ အကြိုက်တွေ့ကြမှာပါ။

ပါဝင်ပစ္စည်း

မုန့်ဖုတ်ဆိုဒါ

သွားတိုက်ဆေး

ပြုလုပ်နည်း

မုန့်ဖုတ်ဆိုဒါနဲ့ သွားတိုက်ဆေးကို အချိုးကျရောစက်လိုက်ပါ။ အရမ်းထူပျစ်နေတယ်ဆိုရင် ၂ စက်လောက် ထည့်ပါ။ မုန့်ဖုတ်ဆိုဒါဟာ သဘာဝအတိုင် ချေးချွတ်ပေးတဲ့ ဓါတ်ပါဝင်လို့ အညစ်အကြေးတွေ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

အရင်ဦးဆုံး ချွေးပေါက်တွေပွင့်သွားအောက် ရေနွေးနဲ့ မျက်နှာသစ်ပါ။ (သို့) တဘက်ကို ရေနွေးစွတ်ပြီး ကိုလိမ်းမဲ့နေရာမှာ စွတ်ပေးပါ။ ပြီးရင် ခြောက်အောင်သုတ်လိုက်ပြီး စောစောကလုပ်ထားတဲ့ မုန့်ဖုတ်ဆိုဒါနဲ့ သွားတိုက်ဆေးကို ဆားဝက်ခြံရှိတဲ့ ပါးပြင်၊ နှာခေါင်းနဲ့ မေးရိုးတို့မှာ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး အခြောက်ခံပါ။

ပြီးရင် သွားတိုက်တံကို ရေစွတ်ပြီး သေချာပွတ်ပေးပါ။ အဲဒီနောက် တဘက်ကို ရေစွတ်ပြီး သုတ်ပေးပါ။ ပြီးရင် ဆားဝက်ခြံတွေကို ညှစ်ထုတ်ပေးပါ။ အဲဒီနောက် ရေအေး နဲ့ ဆေးချတာာဖြစ်ဖြစ် ရေခဲတုံးနဲ့ မျက်နှာအနံ့ကို ပွတ်ပေးပါ။ ဒါဆို ချွေးပေါက်တွေ ပြန်ပိတ်သွားပါလိမ့်မယ်။ မဟုတ်ရင် အညစ်အကြေးတွေ ပိုဝင်လာနိုင်ပါတယ်။ ပြီးရင် မျက်နှာပေါ်မှာ Moisturizer လိမ်းပေးပါ။