Sneaker တွေထဲမှာ အစီအများဆုံး အရောင်တွေဟာ Monochrome လို့ခေါ်တဲ့ အရိုးခံအရောင်တွေ ဖြစ်ပါတယ်။ Monochrome ကာလာတွေထဲမှာမှ အဖြူနဲ့ အနက်ရောင်က အစီးအများဆုံးလို့ ဆိုနိုင်ပါတယ်။

တကယ်တော့ ဘယ်လို Sneaker မျိုးပဲ ဝယ်ဝယ် သင့်အိမ်မှာ ရှိတဲ့ အဝတ်ဗီရိုထဲက အဝတ်အစားနဲ့ လိုက်ဖက်သလား အရင်ကြည့်သင့်ပါတယ်။ သင့်အဝတ်ဗီရိုထဲမှာ ရှိတဲ့ အဝတ်အစားက သင့်ဖိနပ်နဲ့ အချိုးမကျဘူးဆိုရင် ဖိနပ်အတွက်ပဲ အဝတ်အစားသစ် ဝယ်မလား ၊ ရှိပြီးသား အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ဖိနပ်ပဲ ဝယ်မလားဆိုတာ စဉ်းစားရမှာပါ။

Photo: Improb

နောက်တစ်ချက်က ဖိနပ်တွေကို သူ့နေရာနဲ့သူ ဝတ်သင့်ပါတယ်။ Sneaker ဟာ အမျိုးမျိုး ရေလဲ သုံးနိုင်တဲ့ ဖိနပ်ဖြစ်ပေမယ့် သိပ်ပြီး formal မဆန်တာကို သိထားဖို့ လိုပါတယ်။ ဥပမာ- မင်္ဂလာဆောင် အခမ်းအနားလိုမျိုးမှာ Sneaker စီးလို့ ဘယ်လိုမှ အဆင်မပြေပါဘူး။ နောက်ပြီး ဘယ်လိုအရောင် Sneaker ၊ ဘယ်လိုအမျိုးအစားပဲ စီးစီး အမြဲသန့်ရှင်းအောင် ထားဖို့ လိုပါတယ်။

Sneaker အနက်ရောင် စီးမယ်ဆိုရင် ဝတ်တဲ့ အဝတ်အစားကလည်း ရိုးရှင်းပြီး Minimalist ဖြစ်နေရပါမယ်။ ကြည့်လိုက်ရင် မျက်စိအာရုံကို ဒုက္ခမပေးတဲ့ ဖက်ရှင်ဖြစ်ဖို့ လိုပါတယ်။ ပုံမှန်ကိုက Black Sneaker ဟာ မျက်စိအမြင်မှာ ဖိအားပေးတဲ့ အရောင် ဖြစ်နေတာကြောင့် သူနဲ့ တွဲဝတ်မယ့် အဝတ်အစားကို သတိထားဖို့တော့ လိုပါတယ်။

အရောင်အနေနဲ့ တွဲဝတ်သင့်တာကတော့ မီးခိုးရောင် ၊ အဖြူနဲ့ အနက်ရောင် ဖြစ်ပါတယ်။ ကာလာတွေလည်း ရိုးနေဖို့ လိုပါတယ်။ တစ်ခြား တောက်တောက်ပပ အရောင်ကြီးတွေနဲ့ တွဲဝတ်ရင် အရုပ်ဆိုးပြီး ကြည့်ရတာ မျက်စိစူးနေတယ် ခံစားရစေလို့ ဖြစ်ပါတယ်။ အနက်ရောင် Sneaker ဝယ်မယ်ဆိုရင် အဖြူရောင် Soled နဲ့ ဝယ်တာမျိုးက ကြည့်လို့ ပေါ့ပါးပြီး စတိုင်နဲ့ ကာလာအမျိုးမျိုးနဲ့လည်း ထည်လဲတွဲဝတ်လို့ ရနိုင်ပါတယ်။

ဒါဆိုရင် အနက်ရောင် Sneaker နဲ့ အပြင်ထွက်ချိန်မှာ လူငယ်ဆန်ဆန် ပေါ့ပါးပြီး ဆန်းသစ်တဲ့ အမြင်ကို အကောင်းဆုံးပံ့ပိုးပေးနိုင်မှာ ဖြစ်သလို သင့်ဖက်ရှင်အတွက်လည်း စိတ်ထဲမှာ ယုံကြည်မှုအပြည့်ရနေမှာ ဖြစ်ပါတယ်။