အခုခေတ် မိန်းကလေးတွေက ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် အလန်းလေးတွေချည်းပါပဲနော်။ လူလေးတွေကလည်း အလှပဂေးလေးတွေဖြစ်သလို သူတို့ရဲ့ ဖက်ရှင်အမြင်တွေကလည်း တော်တော်လေးကို ဝတ်တတ်စားတတ်ကြပါတယ်။ နောက်ပြီး သူတို့ရဲ့ လက်သည်းတွေကို ကြည့်မယ်ဆိုရင်လည်း လက်သည်းနီက မပျက်ပါဘူးနော်။ အခုလိုမျိုး လက်သည်းနီကို ဖက်ရှင်အဖြစ် ထည့်သွင်းပြင်ဆင်လေ့ရှိတဲ့ အလန်းစား မမ၊ ညီမလေးတို့အတွက် Black & Hot Pink လက်သည်းဒီဇိုင်းတွေကို ဒီတစ်ခေါက် ဆောင်းပါးကနေပြီး ဝေမျှပေးချင်ပါတယ်။

အရင်တုန်းကတော့ အရောင်တောက်တောက်တွေဆို အသားဖြူမှ လှတယ်ဆိုပြီး ပြောကြ၊ ယူဆကြပေမယ့်လည်း အခုခေတ်မှာတော့ အသားညိုတဲ့သူတွေလည်း ကိုယ်ကြိုက်ရင်ပြီးရော၊ ညိုချောလေးတွေအဖြစ်နဲ့လည်း ဆိုးကြ ဝတ်လာကြတာပါပဲနော်။

ကဲ..ဒါဆိုရင်တော့ ဘယ်လိုမျိုး အလန်းစား လက်သည်းနီဒီဇိုင်းလေးတွေဖြစ်မလဲဆိုတာ အခုပဲ ကြည့်လိုက်ရအောင်နော်။

Image Source: Pinterst