ဆံပင်ဖြူရင် ဆိုးဆေးတွေဆိုးတော့လည်း ခဏခဏဆိုးရင် မကောင်းပါဘူး။ နှုတ်တော့လည်း ဆံပင်ပြောင်တာပဲရှိပါတယ်။ ထပ်ပေါက်ရင်လည်း အဖြူပဲပြန်ပေါက်မှာပါ။ ဒါကြောင့် Black Coffee နဲ့ Black Tea ကိုသုံးပြီး ဆံပင်ဖြူတာသက်သာအောင်လုပ်နိုင်မယ့် နည်းလမ်း ၂ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်နှစ်သက်ရာတစ်မျိုးကိုသာ စွဲပြီးလုပ်ပေးပါ။ ဆံပင်ဖြူတာတွေ သက်သာလာပါလိမ့်မယ်။

Black Coffee

Black Coffee မှာက ဆိုးဆေး effect ပါတဲ့အတွက် ဆံပင်မဲအောင်လုပ်ဖို့အတွက် အသုံးဝင်တဲ့သဘာဝနည်းလမ်းပါ။ လုပ်ရမယ့်ပုံစံကတော့ ရေ – ခွက် ၂ ခွက်စာကို တည်ထားပါ။ ပွက်ပွက်ဆူလာပြီဆိုမှ ကော်ဖီအကြမ်းမှုန့် – စားပွဲတင်ဇွန်း ၄ ဇွန်းကိုထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်တော့ အအေးခံထားလိုက်ပါ။

အေးသွားပြီဆိုရင်တော့ ဆံပင်ဖြူနေတဲ့နေရာတွေကို အဓိကသုတ်လိမ်းပေးပါ။ ဆံပင်အမြစ်ကနေ အဖျားထိ သေချာလိမ်းပါ။ မိနစ် ၃၀ ထားပြီးရင်တော့ ရေဆေးချပြီး ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါသာ ပုံမှန်လုပ်ပေးပါ။ ဆံပင်ဖြူတာတွေ လျော့နည်းသွားပါလိမ့်မယ်။

Black Tea

Black Tea ကလည်း ဆံပင်ဖြူတာတွေသက်သာပြီး ဆံသားပျက်စီးတာတွေ သက်သာလာစေဖို့ ကူညီပေးပါတယ်။ လုပ်ရမယ့်ပုံစံကတော့ ရေတစ်ခွက်နဲ့ black tea – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး တည်ပေးပါ။ ပွက်ပွက်ဆူလာရင် မီးဖိုပေါ်ကချပြီး အအေးခံထားပါ။

အေးသွားပြီဆိုရင်တော့ ဆံပင်ဖြူနေတဲ့နေရာကို အဓိကထားပြီး သုတ်လိမ်းပေးပါ။ ဆံပင်အမြစ်ကနေ အဖျားထိ သေချာလိမ်းပေးပါ။ တစ်နာရီထားပြီးရင်တော့ mild ဖြစ်တဲ့ sulfate-free shampoo နဲ့ ခေါင်းလျှော်ပေးပါ။ ပြီးရင်တော့ conditioner ထပ်သုံးပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်လုပ်ပေးပါ။

source:www.stylesatlife.com