အခုနောက်ပိုင်းမှာဆိုရင် လူငယ်ကောင်မလေးတွေကြားမှာ black boots လေးတွေစီးတာက ပြန်လည်ခေတ်စားလာပါတယ်။ Black boots တွေက စီးလိုက်တာနဲ့ အထာကျတဲ့ပုံစံကို ဖြစ်သွားစေတာပါ။ ကိုယ်ဝတ်တဲ့ fashion နဲ့လည်း လိုက်ဖက်ဖို့တော့လိုပါတယ်။

ဒါကြောင့် black boots တွေနဲ့လိုက်ဖက်ပြီး အထာကျနေစေမယ့် fashion outfits တွေကို ဖော်ပြပေးလိုက်ပါတယ်။

မိန်းကလေးဆန်တဲ့ short dress လှလှလေးတွေကိုဝတ်ပြီး black boots စီးမယ်ဆိုရင် အထာကျပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေး ဖြစ်စေပါတယ်။

Body fit dress လေးတွေဝတ်မယ်ဆိုရင်လည်း black boots လေးတွေစီးလို့ရပါတယ်။ အထာကျပြီး လှနေစေပါတယ်။

Mini skirt အကျပ်လေးတွေကို ကြိုက်တဲ့အင်္ကျီနဲ့ တွဲဝတ်လို့ရပါတယ်။ အဲ့လို fashion လေးတွေက black boots တွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

Jean ဘောင်းဘီအတိုလေးတွေကို ကြိုက်တဲ့အင်္ကျီနဲ့သာ တွဲဝတ်ပါ။ Black boots တွေနဲ့ အကုန်လိုက်ပါတယ်။ အဓိကကတော့ jean ပါနေလို့ကို လိုက်တာပါ။

T Shirt အပွတွေကို အောက်ကနေ ဘောင်းဘီအတိုတွေနဲ့ဝတ်ပြီး black boots စီးရင် အထာကျပြီး အရမ်းမိုက်သလို freestyle ပုံစံလေးလည်း ဖြစ်စေပါတယ်။

ခရီးသွားတဲ့အခါတွေ၊ ရာသီဥတုအေးတဲ့ ဆောင်းတွင်းတွေမှာဆိုရင် sweater အပွလေးတွေဝတ်ပြီး black boots စီးကြည့်ပါ။ အရမ်းလိုက်ဖက်ပြီး fashion ကျစေပါတယ်။

Skinny jean တွေကို ဒီလို fashion style မျိုးနဲ့ဝတ်ပြီး black boots စီးလိုက်မယ်ဆိုရင်တော့ အရမ်းမိုက်ပါတယ်။ အထာကျပြီးမိုက်နေတဲ့ look မျိုး ရစေပါတယ်။

Skiny jean တွေကို crop top sweater တွေနဲ့တွဲဝတ်ပြီး black boots စီးတာမျိုးဆိုရင် အေးတဲ့နေရာဒေသကို ခရီးထွက်တဲ့အခါမှာ ဝတ်ဖြစ်အောင်ဝတ်သင့်တဲ့ fashion ဖြစ်ပါတယ်။

ဒီလိုဘောင်းဘီအကွက်လေးတွေဆိုရင် ဒေါက်ဖိနပ်တွေနဲ့ မလိုက်ပါဘူး။ Sneakers တွေနဲ့ဆိုရင်လည်း နည်းနည်းရိုးပါတယ်။ Black boots သာစီးပါ။ အထာကျပြီး အရမ်းမိုက်တဲ့ fashion ဖြစ်နေပါလိမ့်မယ်။

ဒီလို fashion outfits လေးတွေဆိုရင် တော်တော်များများက sneakers တွေစီးကြတာများပါတယ်။ အထာကျပြီး မိုက်တဲ့ပုံစံလေး ဖြစ်ချင်တယ်ဆိုရင်တော့ black boots လေးတွေ ပြောင်းစီးကြည့်ပါ။

Skinny jean တွေကို မိန်းကလေးဆန်တဲ့ လက်ဖောင်းအင်္ကျီလေးတွေ၊ crop top လေးတွေနဲ့တွဲဝတ်ပြီး black boots စီးလိုက်မယ်ဆိုရင်တော့ လူငယ်ဆန်ပြီး မိုက်တဲ့ပုံစံလေး ဖြစ်စေပါတယ်။

photo source:www.pinterest.com