ဒီတစ်ခေါက်မှာတော့ အဖြူနဲ့ အနက်ကိုပဲ သဘောကျတဲ့ ပျိုမေတို့အတွက် ဖက်ရှင်ဝတ်ဆင်နည်းတွေကို ဖော်ပြပါရစေ။ အဖြူရောင်နဲ့ အနက်ရောင်က တခြားအရောင်တွေနဲ့ တွဲဝတ်လည်း လိုက်ဖက်တာကို ပျိုမေတို့ သိပြီး ဖြစ်မှာပါ။ ဒါပေမဲ့ အဖြူနဲ့ အနက်ချည်းပဲ ဝတ်နေတဲ့အခါ ကြာလာရင် ရိုးအီတဲ့ ဖက်ရှင်ပုံစံကို ဖြစ်သွားစေပါတယ်။ ဒီတစ်ခေါက်မှာတော့ အဖြူနဲ့ အနက်ပေမယ့် ထူးခြားပြီး အထာကျကာ လှနေစေမယ့် ဝတ်ဆင်ပုံတွေကို ဖော်ပြပါရစေ။

အနက်ရောင် Style Pants ကိုမှ အပေါ်က Sweatshirt အပွလေးနဲ့ တွဲဝတ်နိုင်ပါတယ်။ ပေါ့ပါးပြီး ကြည့်ရလှပါတယ်။

သင်က ခါးသေးသေးလေးကို ပိုင်ဆိုင်သူဆိုရင်တော့ အောက်ဘက် ဘောင်းဘီအနက်ရောင် အပွနဲ့အတူ ရိုးရိုးရှင်းရှင်း Crop Top အဖြူလေးနဲ့ တွဲဖက်နိုင်ပါတယ်။

အောက်ဘက် အဖြူရောင် ဂျင်းဘောင်းဘီနဲ့ အပေါ်က မိန်းကလေးဝတ် Blouse အနက်လေးက ဆွဲဆောင်မှုရှိတဲ့ Vibe ကို ပေးစွမ်းနိုင်ပါတယ်။

ခါးမသေးဘဲ ခါးနေရာကြီးတဲ့ ပျိုမေတို့နဲ့ လိုက်ဖက်တဲ့ စတိုင်ပါ။ အပေါ် အင်္ကျီအဖြူကိုမှ ခါးစည်းလေးနဲ့ အတူ ပေါ့ပေါ့ပါးပါး ဘောင်းဘီအနက်အပွလေးက တွဲဝတ်သင့်တဲ့အထဲ ပါဝင်ပါတယ်။

ကော်လံပါတဲ့ အင်္ကျီအဖြူနဲ့အတူ ဘောင်းဘီအပွ အနက်လေးက ကြည့်မဝတဲ့ အတွဲအစပ်လေးပါ။

အပေါ် ကြယ်သီးပါ ကော်လံ ဆင်စွယ်ရောင်လေးနဲ့ ဘောင်းဘီအနက် အပွက လူငယ်ဆန်ဆန် လှနေစေမှာပါ။

Off Sholder အင်္ကျီလက်ရှည်အပွနဲ့ ဘောင်းဘီအနက်က အေးအေးဆေးဆေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ စတိုင်ကို ပိုင်ဆိုင်စေပါတယ်။

ဆွဲဆောင်မှုရှိရှိ လှချင်တယ်ဆိုရင်တော့ ကြိုးတစ်လုံး အနက်ရောင် အင်္ကျီနဲ့ ဘောင်းဘီအဖြူကို မေ့ထားလို့မရပါဘူး။

Tank Top နဲ့အတူ အောက်ဘက်ကားသွားတဲ့ Flare pants အနက်လေးကို တွဲဖက်နိုင်ပါတယ်။

လက်အကွတ်နေရာမှာ အနက်ရောင်ပါတာကြောင့် အောက်ဘက် ဘောင်းဘီအနက်နဲ့ တွဲဝတ်လိုက်တဲ့အခါ ပိုစမတ်ကျသွားစေပါတယ်။

ဆွဲဆောင်မှုရှိပြီး မိန်းကလေးဆန်တဲ့အလှကို ပိုင်ဆိုင်ချင်ရင် ဒီဖက်ရှင်ကို ဝတ်ကြည့်နိုင်ပါတယ်။

Girl Boss အထာမျိုး လိုချင်ရင်တော့ အဖြူနဲ့ အနက်ကို ဒီလို တွဲနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar