လက်သည်းပုံဖော်ရတာကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ black & white လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်တဲ့အခါမှာ ကာလာရွေးရခက်နေရင် ဘာမှစဉ်းစားမနေပဲ black & white သာ ဆိုးချလိုက်ပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို ဒီဇိုင်းလည်းဆန်းပါတယ်။ လက်သည်းအရှည်ထားတဲ့သူနဲ့လည်း လိုက်သလို၊ လက်သည်းအတိုပဲထားတဲ့သူတွေနဲ့လည်း လိုက်ပါတယ်။

ဝက်ဝံပုံလေးကို black & white သုံးပြီးပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်သည်းအတိုလေးတွေနဲ့ဆို ပိုတောင်ချစ်ဖို့ကောင်းပါသေးတယ်။

Cow pattern လက်သည်းဒီဇိုင်းလေးကတော့ black & white သုံးပြီးပုံဖော်ရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ရိုးမသွားပဲ ချစ်ဖို့ကောင်းစေပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် black & white အပြင် ဝက်ဝံရုပ်ပုံကို တခြားကာလာသုံးပြီး ပုံဖော်ထားတာဖြစ်လို့ ထင်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရိုးရှင်းပြီးချစ်ဖို့ကောင်းသလို လွယ်ကူတဲ့ ဒီဇိုင်းလေးဖြစ်လို့ အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရပါသေးတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် မိုက်တဲ့ပုံစံလေးပါ။ ပုံဖော်ရတာလွယ်ကူတဲ့ ဒီဇိုင်းဖြစ်လို့ အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရပါတယ်။

Black & white ဆိုးပြီး accessories လေးတွေကပ်ထားတာ တစ်မျိုးဆန်းပြီးလှပါတယ်။ လက်လည်းပိုပေါ်လွင်သွားစေပါတယ်။

မီးတောက်ပုံစံလေးပုံဖော်ထားတာ ချစ်ဖို့ကောင်းပြီး မိုက်လည်းမိုက်ပါတယ်။ လက်သည်းအတိုအရှည် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။

ဒီဇိုင်းအစုံပုံဖော်ရတာမျိုးကြိုက်ရင်တော့ black & white ဆိုးပြီး ဒီလက်သည်းဒီဇိုင်းတွေကိုသာ ပုံဖော်ချလိုက်ပါ။ ဖက်ရှင်ကျပြီး မိုက်ပါတယ်။

လက်သည်းအရှည်ကြီးထားတဲ့သူတွေဆိုရင် black & white ကို ဒီလိုလေးပုံဖော်ကြည့်ပါ။ မိုက်ပါတယ်။

Photo source:www.pinterest.com