ကြက်ဟင်းခါးသီးက အရသာက ခါးပေမယ့် သူ့မှာ ကျန်းမာရေး အာနိသင်တွေ အများကြီးရှိပါတယ်။ အခုလိုမျိုး သူ့ရဲ့ အခါးဓာတ်ကြောင့် လူအများစု လက်ရှောင်ကြတဲ့ ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက်သာမက ဆံသားတွေကို သန်စွမ်းပြီး အရှည်မြန်အောင်လည်း ကူညီပေးနိုင်ပါတယ်။

နက်မှောင်တဲ့ ဆံကေသာရရှိဖို့

ဆံကေသာက မွဲခြောက်ခြောက်ဖြစ်ပြီး နက်မှောင်မှုမရှိဘူးဆိုရင် ကြက်ဟင်းခါးသီးကို အသုံးပြုလို့ရပါတယ်။ လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး တစ်ခွက်စာကို ဒိန်ချဉ်နဲ့ ရောပြီး ဆံပင်ပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကြာရင် ရေဆေးချလိုက်ပါ။ ဒါဆိုရင် နက်မှောင်သန်စွမ်းတဲ့ ဆံကေသာကို ရရှိပါလိမ့်မယ်။

ဗောက်

ခေါင်းပေါ်မှာ ဗောက်တွေဖြစ်ရင် စိတ်ညစ်ဖို့ အရမ်းကောင်းပါတယ်။ တခါတလေ ပျောက်ဖို့ ခက်ခဲတတ်ပါတယ်။ ဗောက်က လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေစားသုံးတာများတာကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။

ဇီယာစေ့တွေကို ထောင်းပြီး ကြက်ဟင်းခါးသီး ဖျော်ရည်အနည်းငယ်နဲ့ ရောပြီး ဆံပင်မှာ သုတ်လိမ်းပြီး ခဏထားပါ။ တစ်ပတ်ကို ၁ခါလောက်ပုံမှန်လုပ်ပေးရင် ၁လလောက်ကြာရင် ဗောက်တွေ ပျောက်သွားပါလိမ့်မယ်။

အဖျား နှစ်ခွ

အဖျား နှစ်ခွရှိနေရင် ကြက်ဟင်းခါးသီးအနှစ်ကို လိမ်းပြီး ညင်တာစွာ ဖြီးပါ။ ခဏလောက်ထားပြီးမှ ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၂ ခါလောက်ပေးရင် အဖျားနှစ်ခွဖြစ်တာတွေ ပျောက်ကင်းပါတယ်။

ဦးရေပြား ခြောက်သွေ့ ယားယံရင်

ဦးရေပြား ခြောက်သွေ့ရင် ကြက်ဟင်းခါးသီး အစိမ်းကို အစိတ်လေးတွေပိုင်းပြီး အဲ့ဒီအစိတ်လေးတွေကိုယူပြီး ဦးရေပြားမှာ စက်ဝိုင်းပုံစံ ပိတ်ပြီးနှိပ်နယ်ပေးပါ။ ပြီးရင် ရေသန့်သန့်နဲ့ ဆေးချပါ။

တစ်ပတ်ကို တစ်ခါလောက်လုပ်ပေးရင် ဦးရေပြား ခြောက်သွေ့ယားယံတာတွေသက်သာပျောက်ကင်းပါလိမ့်မယ်။

ဆံသားတွေ ကြမ်းနေရင်

ဆံသားတွေ ကြမ်းနေရင် ကြမ်းနေတဲ့နေရာကို ကြက်ဟင်းခါးသီး ဖျော်ရည်တစ်ခွက်ထဲထည့်ကာ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြား စိမ်ထားပါ။

ပြီးရင် ရေဆေးချလိုက်ပါ။ ဆံသားတွေ နူးညံ့ပျော့ပြောင်းလာပါလိမ့်မယ်။

ဆံပင်ဖြူနေရင်

အရွယ်မတိုင်ခင် ဆံပင်ဖြူနေရင် ကြက်ဟင်းခါးသီး အစိမ်းကို အစိတ်လေးတွေ လှီးပြီး အဲ့ဒီ အစိတ်လေးတွေကို ယူပြီး ဆံပင်ဖြူနေတဲ့နေရာကို ပိတ်လိမ်းပေးပါ။ ပြီးမှ ခေါင်းလျှော်ပါ။ ၁ပတ် ၂ ခါ၊ ၃ခါလောက်ကို ၁လ လုပ်ရင် ဆံပင်ဖြူတာ လျော့သွားပါလိမ့်မယ်။