မွေးနေ့ပူဖောင်းတွေကို နိုင်ငံခြားက လူငယ်မိန်းကလေးတွေ မွေးနေ့မှာ အသုံးပြုလေ့ရှိပါတယ်။ ဒီလို Photoshoot က ငယ်ရွယ်စဉ် အသက်အရွယ် တစ်ခုမှာ အမှတ်တရ ဖြစ်အောင် ရိုက်သင့်တဲ့ ဓာတ်ပုံတွေပါပဲ။

သင်က တစ်ချိန်ချိန် အိမ်ထောင်ကျလို့ သားသားမီးမီးတွေကို ပြချင်တဲ့အချိန် သင် အသက်ဘယ်လောက်မှာ ရိုက်ထားတဲ့ ဓာတ်ပုံဆိုပြီး အမှတ်တရ ပြနိုင်ပါတယ်။ ဒါမှမဟုတ် Single ကောင်မလေးတွေအနေနဲ့လည်း ငယ်ရွယ်စဉ်က အမှတ်တရတွေကို ပြန်ကြည့်ပြီး အလွမ်းဖြေနိုင်ပါတယ်။ ဒီတော့ မွေးနေ့ပူဖောင်းလေးတွေနဲ့ ဘယ်လို ဖန်တီးမှု ကောင်းကောင်း ရိုက်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

ဘောလုံးကို မြက်ခင်းပြင်ပေါ်မှာ ထားကာ ပေးနိုင်မယ့် ပို့စ်ပေးနည်းများ

ဂါဝန်အဖြူလေးနဲ့အတူ ပူဖောင်းအဖြူနဲ့ ဖြူစင်တဲ့ လူငယ်ဘဝကို ဖော်ညွှန်းချင်တဲ့ မွေးနေ့ရှင် ကောင်မလေးတွေအတွက်

ဖဲပြားလေးနဲ့ ဆံပင်စည်းထားမယ်ဆိုရင် နောက်ဘက်ကနေ ဓာတ်ပုံ ရိုက်နိုင်ပါတယ်။

Idea ကောင်းကောင်းနဲ့ ဓာတ်ပုံ Edit ချင်တဲ့ ကောင်မလေးတွေ Inspire ယူနိုင်မယ့် စိတ်ကူးကောင်း

လမ်းလျှောက်ရင်းနဲ့ မွေးနေ့ ပူဖောင်းကို ကိုင်ထားကာ ပို့စ်အမျိုးမျိုး ပေးမယ်

ကောင်းကင်ကို နောက်ခံထားရင်း ဘောလုံးကို ကိုင်ထားမယ်

တစ်ဘက်ကို ကြည့်နေရင်း ယုံကြည်မှု ရှိရှိ ရယ်နေတဲ့ ပုံစံလေး

ပူဖောင်း တစ်လုံးကို ကိုင်ထားပြီး ကျန်တဲ့ တစ်လုံးကို လေပေါ်မှာ လွှင့်လိုက်မယ်။ သင်က အသက် ထိပ်စီး ပြောင်းတယ်ဆိုရင်လည်း ဒီအိုင်ဒီယာက အဆင်ပြေမှာပါ။

၃၀ ရောက်နေရင်တောင် လန်းနေဦးမှာပဲ ဆိုတဲ့ သွက်လက်တဲ့ မိန်းကလေး ပုံစံ

မွေးနေ့ပူဖောင်းကို နောက်မှာ ထားပြီး ကိတ်မုန့်လေးကို ကိုင်ထားမယ်

သင်အကြိုက်ဆုံး ပို့စ်က ဘယ်ပုံစံ ဖြစ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar