အားလုံးပဲ မင်္ဂလာပါနော်။ တေးသီချင်းအစုံကို နားထောင်ရတာ နှစ်သက်ကြတဲ့ ပရိတ်သတ်တွေအနေနဲ့ အမေရိကန်နိုင်ငံက တေးရေးတေးဆိုမလေး Billie Eilish ကို အားလုံးသိကြမယ်ထင်ပါတယ်။

သူမရဲ့သီချင်းလေးတွေကလည်း ကမ္ဘာတစ်ဝှမ်းမှာ အင်မတန်ကျော်ကြားလှပြီး လူကြီးလူငယ်တွေကြား အရမ်းပေါက်ပါတယ်နော်။ ပြီးတော့ သူများမိန်းကလေးတွေနဲ့မတူညီတဲ့ ဖက်ရှင်လေးတွေနဲ့လည်း အမြဲတွေ့ရလေ့ရှိပါတယ်။

Billie Eilish ကို ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ အသက် ၁၉ နှစ်ရှိပါပြီ။

၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူမရဲ့ Debut အခွေ “Ocean Eyes” နဲ့ ပရိတ်သတ်တွေ သတိထားမိလာခဲ့ပြီး 2019 ခုနှစ်ကထွက်ခဲ့တဲ့ Bad Guy သီချင်းကတော့ ထိပ်ဆုံးကိုရောက်စေခဲ့တဲ့ သီချင်းတစ်ပုဒ်ပါပဲ။

အရပ် ၅ ပေ ၃ လက်မသာရှိတဲ့ Billie Eilish က ဖက်ရှင်ကျပြီး အမြဲတမ်း အလန်းဇယားဝတ်ဆင်တတ်တာမို့ ဖက်ရှင်အစုံနဲ့ကို လိုက်ဖက်လှပါတယ်။

ဖက်ရှင်ကျအောင် ဝတ်ဆင်တဲ့နေရာမှာ မိန်းကလေးဆန်မှ ဖက်ရှင်ကျတာမဟုတ်ပါဘူး။ ယောကျာ်းလေးဆန်ဆန်ပုံစံဝတ်ပြီး Slay လို့လည်းရပါတယ်။

တချို့မိန်းကလေးတွေက မိန်းကလေးဆန်ဆန်ဝတ်လိုက်တဲ့အချိန် ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းပြီး မနေတတ် မထိုင်တတ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် Billie Eilish ရဲ့ ဂေါ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဖက်ရှင်တွေကို ဖော်ပြပါရစေ။

Image Source: Pinterest