အခုနောက်ပိုင်းမှာဆိုရင် biker shorts လေးတွေဝတ်တာက အရမ်းခေတ်စားလာပါတယ်။ ဒီ biker shorts တွေကိုဝတ်တဲ့အခါမှာ ဘယ်အကျ်ီတွေနဲ့ ဘယ်လိုတွေ တွဲဝတ်ဖက်ဝတ်ဆင်ရမလဲဆိုတာကို စဉ်းစားရခက်နေတဲ့သူတွေလည်း ရှိမှာပါ။ ဒါကြောင့် ခေတ်စားနေတဲ့ biker shorts တွေကို အထာကျကျဝတ်ဆင်နိုင်မယ့် ဖက်ရှင်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

Biker shorts တွေကို တီရှပ်အပွလေးတွေနဲ့ တွဲဝတ်တာကတော့ ပေါ့ပါးမှုအရှိဆုံး freestyle ဖက်ရှင်ပဲဖြစ်ပါတယ်။ အများဆုံး တွဲဖက်ဝတ်ဆင်ကြတဲ့ outfit လို့လည်း ပြောလို့ရပါတယ်။

Biker shorts ဆိုရင် တော်တော်များများက အနက်ပဲဝတ်ကြတာပါ။ တီရှပ်အပွကိုမှ ခုနကလို အရောင်တွေနဲ့မဝတ်ပဲ အနက်နဲ့တွဲဝတ်ရင်တော့ အထာကျပြီးမိုက်ပါတယ်။

Biker shorts ကို ဒီလိုမျိုးလေးဝတ်တာဆိုရင် အထာကျပြီး အရမ်းမိုက်ပါတယ်။ Coat ရှိရင် ဒါမျိုးလေးသာ ဝတ်ကြည့်ပါ။

Biker shorts ကို ရှပ်အင်္ကျီအဖြူအပွနဲ့ ဒါမျိုးလေးဝတ်ရင်လည်း ပေါ့ပါးတဲ့ပုံစံလေးနဲ့ ဖက်ရှင်ကျပြီးမိုက်စေပါတယ်။

ရှပ်အင်္ကျီအဖြူနဲ့မဟုတ်လည်း Jennie ဝတ်ထားသလို ရှပ်အင်္ကျီလေးနဲ့ တွဲဝတ်ကြည့်ပါ။ ဝတ်ရတာ အရမ်းပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

Biker shorts တွေကို jean coat တွေနဲ့လည်း ဒီလိုအထာကျကျဝတ်ဆင်နိုင်ပါတယ်။ ခရီးသွားတဲ့အခါမျိုးမှာဆိုရင် ဒီဖက်ရှင်လေးတွေက အရမ်းမိုက်ပါတယ်။

Biker shorts ကို hoodie အပွကြီးတွေနဲ့တွဲဝတ်တာလည်း အရမ်းလိုက်ဖက်ပြီး လူဝတ်များတဲ့ outfit မျိုး ဖြစ်ပါတယ်။

ချပ်ချပ်ကပ်ကပ်ကောင်မလေးတွေနဲ့ crop top ဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေဆိုရင် biker shorts ကို crop top hoodie လေးတွေနဲ့သာ တွဲဝတ်ပါ။ ချစ်ဖို့ကောင်းသလို မိုက်လည်းမိုက်ပါတယ်။

Biker shorts ကို ကြိုးတစ်လုံးလေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေ zip hoodie တွေ ထပ်ဝတ်လို့လည်း ရပါသေးတယ်။ ဒါလည်း ပေါ့ပါးတဲ့ဖက်ရှင်လေး ဖြစ်စေပါတယ်။

photo source:www.pinterest.com