အားလုံးပဲမင်္ဂလာပါနော်။ ဆံပင်ပါးတဲ့ မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံကတော့ ဆွဲဆောင်မှုရှိတဲ့ ဆံပင်အကောက်လေးတွေပါပဲ။ ဆံပင်အကောက်လေးတွေကိုမှ အကြေကောက်တွေမဟုတ်ဘဲ လိုင်းကြီးကြီးနဲ့ ကောက်တာမျိုးက ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ဆံပင်ပါးတဲ့သူတွေ၊ ဆံပင်အုံထူသလိုဖြစ်စေချင်တဲ့သူတွေ၊ ရှိရင်းဆံပင်ထက် ပိုပြီး ထူသယောင်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဆံကေသာလေးတွေကို ပိုင်ဆိုင်ချင်သူတွေအတွက်တော့ ဆံပင်လိုင်းကြီးကြီးကောက်လေးတွေက အဆင်ပြေပါတယ်။

ဒီလိုဆံပင်မျိုး ကောက်မယ်ဆိုရင် ဆံပင်ကို စနစ်တကျထိန်းသိမ်းပြီး ပုံသွင်းပေးဖို့တော့လိုပါတယ်နော်။

ခေါင်းလျှော်ပြီးတိုင်း ဆံပင်ပေါင်းပေးမယ်၊ ၁ လကို ၂ ကြိမ်လောက် ဆိုင်မှာ ပေါင်းသွားတင်ပေးမယ်။ ဆံပင်ပုံသွင်းပေးမယ်ဆိုရင်တော့ ဆံကေသာမပျက်စီးဘဲ ဆံပင်အကောက်လှလှလေးကို ပိုင်ဆိုင်စေမှာပါ။

Photo: www.pinterest.com

By: MyStyle Myanmar