ရင်သားကြီးတာကိုတစ်ချို့သူတွေက အ၀တ်အစားရွေးချယ်တဲ့အခါမျိုးမှာ အခက်အခဲလေးတွေရှိတတ်ကြပါတယ်။ Size Chart မှားတာမျိုးတွေဖြစ်ပြီး မ၀တ်ဖြစ်တဲ့အ၀တ်အစားတွေလည်း ရှိလောက်မှာပါ။ အခုပြောပြတဲ့ အ၀တ်အစားလေးတွေ သင့်ဆီမှာရှိရင်တော့ ဒီလိုမျိုးပြဿနာတွေ ကြုံရတော့မှာမဟုတ်ပါဘူးနော်။

ကြိုးတစ်ချောင်းအင်္ကျီ

သင့်ဆီမှာ ကြိုးတစ်ချောင်းအတွင်းခံလေးတွေတစ်ထည်ရှိခြင်းက အရာအားလုံးကိုကယ်တင်ထားသလိုလည်းဖြစ်ပါတယ်။ ဘလောက်စ်အင်္ကျီတွေ၀တ်တဲ့အခါကျရင် ရင်သားကပိုကြီးသွားတတ်ကြပါတယ်။ ပါးလွှာတဲ့အင်္ကျီမျိုးဆိုရင် ပိုပြီးသိသာနိုင်ပါတယ်။ ကြိုးတစ်ချောင်းအတွင်းခံလေးကို အောက်ကနေခံ၀တ်သွားရင် ဒီပြဿနာတွေကဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

V-Shape ပုံစံအင်္ကျီ

လည်ပင်းပုံစံအင်္ကျီတွေက ရင်သားကြီးတဲ့ပျိုမေတွေအတွက်လို့တောင်သတ်မှတ်လို့ရပါတယ်။ရင်သားအလှကိုလည်းပေါ်လွင်စေသလို စမတ်ကြတဲ့မိန်းမတစ်ယောက်ပုံစံလေးလည်းဖြစ်ပါတယ်။ V-shape Dresses တွေကလည်းပွဲတက်တာမျိုးဖြစ်ဖြစ်၊ Dinner Date လုပ်တာမျိုးဖြစ်ဖြစ်လုံး၀ကိုဆွဲဆောင်မှုရှိတဲ့ Dress လေးတွေဖြစ်ပါတယ်။

Slim Dress

တော်တော်များများက ရင်သားကြီးရင် Slim Dress လေးတွေက ၀တ်ရတာ စိတ်ကသိကအောက်ဖြစ်တတ်ကြပါတယ်။ရင်သားကြီးတဲ့အတွက် ကိုယ့်ရဲ့ခါးကိုပေါ်လွင်စေအောင် ပုံဖော်ပေးသင့်ပါတယ်။ဒါကြောင့်ရင်သားကြီးတဲ့သူတွေအတွက် Slim Dress တစ်ထည်ကတော့ပိုင်ဆိုင်ထားသင့်ပါတယ်နော်။

Photo Source- Pinterest