[Zawgyi]

The Big Bad Wolf စာအုပ္ေရာင္းပြဲ ရန္ကုန္ ၂၀၂၀ ကေတာ့ ျမန္မာႏိုင္ငံက လူတန္းစား အမ်ိဳးမ်ိဳးကို ဆြဲေဆာင္လွ်က္ရွိၿပီး စာအုပ္ႏွစ္သက္သူေတြ သူတို႔ ခ်စ္တဲ့သူေတြနဲ႔ လာေရာက္ၿပီး စာအုပ္ေရာင္းပြဲရဲ႕ အေတြ႕အႀကဳံေတြကို ႏွစ္သက္ခံစားၾကတာမို႔လို႔ ႏွစ္စဥ္ႏွစ္တိုင္းလိုလို မိသားစုအစဥ္အလာတစ္ခု အျဖစ္ ေျပာင္းလဲလာပါတယ္။ ဒါ့အျပင္ ဒီစာအုပ္ေရာင္းပြဲက ၂၀၂၀ ခုႏွစ္ အေစာပိုင္းမွာ ျမန္မာႏိုင္ငံရဲ႕ ျပည္သူေတြ အၾကား လ်င္လ်င္ျမန္ျမန္ ေရပန္းစားလာခဲ့ပါတယ္။

ကမာၻအႀကီးဆုံး စာအုပ္ေရာင္းပြဲေတာ္ႀကီး ရန္ကုန္ၿမိဳ႕ကို ဒုတိယအႀကိမ္ အျဖစ္ Fortune Plaza, Myanmar Expo Hall တြင္ က်င္းပမယ္ဆိုတာကို ၾကားခဲ့လို႔ ဒီကလူေတြနဲ႔ သူတို႔ရဲ႕မိသားစုေတြဆီက မေမွ်ာ္လင့္ထားတဲ့ တုံ႔ျပန္ခ်က္ေတြရခဲ့ပါတယ္။ စာအုပ္ေရာင္းပြဲကို ဇန္နဝါရီလ ၁၀ ရက္ေန႔မွ ၂၀ ရက္ေန႔ထိ မနက္ ၉ နာရီမွ ည ၁၂ နာရီ အခ်ိန္ထိ အမ်ားျပည္သူေတြ အတြက္ အခမဲ့ ဖြင့္လွစ္ထားတာမို႔လို႔ လာေရာက္ ေဈးဝယ္သူေတြ သူတို႔ စိတ္ႀကိဳက္စာအုပ္ေတြကို ရွာေဖြဝယ္ယူဖို႔ အခ်ိန္ေတြ အမ်ားႀကီး ရရွိအုံးမွာ ျဖစ္ပါတယ္။

စာအုပ္ေရာင္းပြဲတြင္ ခင္းက်င္းေရာင္းခ်ထားေသာ အဂၤလိပ္ဘာသာ စာအုပ္ေတြကို ဝယ္ယူဖို႔ သူမရဲ႕ အမ်ိဳးသား နဲ႔အတူ လာေရာက္ခဲ့သူ မလဲ့ဝင္းျဖဴ

UN အဖြဲ႕အစည္းတစ္ခုတြင္ Gender-Based Violence Analyst အျဖစ္ အလုပ္ လုပ္ကိုင္ေနၿပီး လူငယ္ ပေရာ္ဖက္ရွင္ေနာ္ တစ္ေယာက္ျဖစ္သူ မလဲ့ဝင္းျဖဳကလည္းသူ႔ရဲ႕ အမ်ိဳးသားနဲ႔ အတူ ဒီစာအုပ္ေရာင္ပြဲကို လာေရာက္ ခဲ့ပါတယ္။ “အရင္ကဆို အဂၤလိပ္ဘာသာ စာအုပ္ေတြကို လက္လွမ္းမီဖို႔ရာကို အရမ္းခက္ခဲတယ္။ အမတို႔ ငယ္ငယ္တုန္းကဆို အဂၤလိပ္စာအုပ္ေတြ ဖတ္ခ်င္ရင္ စာၾကည့္တိုက္ကို သြားရတယ္။ ဒါေပမဲ့ အဲမွာ ရွိတဲ့ စာအုပ္ေလးေတြကိုပဲ ဖတ္ရတယ္။ တစ္ခါတစ္ေလ ႏိုင္ငံျခားကေနေတာင္ မွာရတယ္။ ရတယ္ဆိုရင္ေတာင္ အရမ္းေဈးႀကီးတယ္။ ဒီ The Big Bad Wolf စာအုပ္ေရာင္းပြဲမွာဆိုရင္ ကိုယ္လိုခ်င္တဲ့ စာအုပ္ေတြကို လက္လွမ္းမီႏိုင္ေလာက္တဲ့ ေဈးႏႈန္း သက္သက္သာသာနဲ႔ ဝယ္လို႔ရႏိုင္တယ္ေလ။” ဟု သူမရဲ႕ အေတြ႕အႀကဳံေတြကို ျပန္လည္ ေဝမွ်သြားပါတယ္။

စာအုပ္ေရာင္းပြဲမွာ အဂၤလိပ္ဘာသာ စာအုပ္ေပါင္း ၁ သန္းေက်ာ္ကို မူရင္းေဈးရဲ႕ ၅၀ ရာခိုင္ႏႈန္းကေန ၉၀ ရာခိုင္ႏႈန္းအထိ အထူးေလွ်ာ့ေဈးေတြနဲ႔ ဝယ္ယူရရွိႏိုင္တာမို႔လို႔ စာအုပ္ခ်စ္သူေတြ ပိုက္ဆံ အမ်ားႀကီးကုန္စရာ မလိုဘဲ စာမ်ားမ်ားဖတ္ႏိုင္ဖို႔ တိုက္တြန္းထားပါတယ္။ သိပၸံစိတ္ကူးယဥ္ဝတၳဳေတြ၊ အခ်စ္ ဝတၳဳေတြ၊ သုတစာေပေတြ၊ သ႐ုပ္ျပစာအုပ္ေတြ၊ စီးပြားေရး၊ တက္က်မ္း၊ ဗိသုကာ ႏွင့္ ဟင္းခ်က္နည္းဆိုင္ရာ စာအုပ္ေတြအျပင္ ကေလးစာအုပ္ေတြျဖစ္တဲ့ ပုံျပင္စာအုပ္ေတြ၊ ဉာဏ္စမ္း စာအုပ္ေတြ၊ စာအုပ္ထူေတြ၊ ေဆးေရာင္ျခယ္ စာအုပ္ေတြ၊ ႐ုပ္ျပစာအုပ္ေတြ နဲ႔ အျပန္အလွန္ ေလ့က်င့္သင္ၾကားေပးလို႔ရတဲ့စာအုပ္ေတြ စသည့္ျဖင့္ စာအုပ္အမ်ိဳးအစားအစုံအလင္ကို ခင္းက်င္းျပသ ေရာင္းခ်ေပးထားပါတယ္။

စာဖတ္ျခင္းက လူေတြကို အခြင့္အလမ္းအသစ္ေတြ ေပးႏိုင္တဲ့ ဗဟုသုတေတြနဲ႔ သူတို႔ရဲ႕ အေတြးအေခၚေတြကို ပိုမိုတိုးတက္ေစႏိုင္တဲ့ စြမ္းအားရွိတာမို႔လို႔ ျမန္မာႏိုင္ငံက လူေတြ စာဖတ္ျခင္းရဲ႕ တန္ဖိုးကို အသိအမွတ္ျပဳ လာခဲ့ၾကၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ စာဖတ္ျခင္းက ကမာၻလုံးဆိုင္ရာယဥ္ေက်းမႈေတြကို သင္ယူဖို႔ နည္းလမ္း တစ္ခုလည္း ျဖစ္တာမို႔ လူေတြရဲ႕ ဘဝေတြကိုေျပာင္းလဲေပးႏိုင္ပါတယ္။

စာအုပ္ေတြမွတဆင့္ ျမန္မာႏိုင္ငံရဲ႕ ျပည္သူေတြအတြက္ အခြင့္အလမ္းမ်ားစြာ ရရွိႏိုင္မယ္ဆိုတာကို ယုံၾကည္ထားၿပီး မဂၤလာဒုံၿမိဳ႕နယ္ကေန ဖခင္နဲ႔အတူ စာအုပ္ေရာင္းပြဲကို လာေရာက္ခဲ့တဲ့ အင္ဂ်င္နီယာ ေက်ာင္းသား ေမာင္ဘုန္းျမင့္ေမာ္

ေမွာ္ဘီနည္းပညာတကၠသိုလ္မွာ Civil Engineering ဒုတိယႏွစ္ တက္ေနတဲ့ ေမာင္ဘုန္းျမင့္ေမာ္ ကေတာ့သူ႔အေဖနဲ႔ မဂၤလာဒုံၿမိဳ႕နယ္ ကေနေတာင္လာၿပီး အခုလိုေျပာသြားပါတယ္။ ” မႏွစ္ကလည္း ဒီ စာအုပ္ေရာင္းပြဲေတာ္ ကို လာဖူးပါတယ္ အခုနဲ႔ဆို ဒုတိယအႀကိမ္ေပါ့။ ဒီမွာဆိုရင္ ကမာၻ႔ေရာင္းအား အေကာင္းဆုံး စာအုပ္ေတြကိုပါ ရႏိုင္တယ္။ ကြၽန္ေတာ္ အႀကိဳက္ဆုံး အခ်က္ကေတာ့ The Big Bad Wolf မွာ စာအုပ္ အမ်ိဳးအစား စုံစုံလင္လင္ ရႏိုင္တာကိုပဲ ျဖစ္တယ္။ အခု ျမန္မာႏိုင္ငံမွာလည္း အဂၤလိပ္ဘာသာစာအုပ္ေတြ ေတာ္ေတာ္မ်ားမ်ား ဖတ္လာၾကတာ အရမ္းပဲ ေကာင္းပါတယ္။ အဂၤလိပ္ဘာသာက ႏိုင္ငံတကာသုံး ဘာသာ စကားျဖစ္တာမို႔လို႔ အဲ့ဒီလို ေလ့လာတဲ့ အတြက္ေၾကာင့္မို႔လို႔ ႏိုင္ငံရဲ႕ အနာဂတ္အတြက္ အရမ္းေကာင္းတဲ့ အခြင့္အလမ္းေတြ ျဖစ္လာမယ္လို႔ ထင္ပါတယ္။”

လႈိင္ၿမိဳ႕နယ္ေန သားေလးတစ္ဦးမိခင္ မႏွင္းသက္က The Big Bad Wolf စာအုပ္ေရာင္းပြဲ ရန္ကုန္ ၂၀၂၀ အေၾကာင္းကို အြန္လိုင္းကေနတဆင့္ေတြ႕ၿပီးေတာ့ ဒီႏွစ္မွာကေလးစာအုပ္ေတြ ေတာ္ေတာ္မ်ားရွိတယ္ဆိုတာ သိလိုက္ရပါတယ္။ အဲ့ဒါနဲ႔ သူ႔ညီမေလးနဲ႔ သားေလးကိုပါေခၚလာၿပီး ပြဲအေတြ႕အႀကဳံ အေၾကာင္းေဝမွ်သြားပါတယ္။

“အရင္ႏွစ္က ဒီပြဲရန္ကုန္မွာ လုပ္တယ္ဆိုတာ သိတယ္ ဒါေပမဲ့ သားေလးက ငယ္ေသးလို႔ မသြားျဖစ္လိုက္ဘူး။ အခုလာျဖစ္တာကေတာ့ အဓိက သားအတြက္ပါ။ သားအတြက္ အဆင္ေျပမယ့္ စာအုပ္ေတြရယ္ လက္ရွိမွာေရာ သူကို သင္ေပးလို႔ရတဲ့ စာအုပ္ေတြရယ္ ၿပီးေတာ့ အမအတြက္ အခ်က္အျပဳတ္ စာအုပ္ေတြရယ္ တျခား ဝတၳဳစာအုပ္ေတြရယ္ ဝယ္ဖို႔ပါပဲ။ ဒီကို ပထမဆုံး အႀကိမ္ေရာက္တာ ဆိုေပမဲ့ အရမ္းေကာင္းတဲ့ အေတြ႕အႀကဳံေလးတစ္ခုပါ အထူးသျဖင့္ ကေလးစာအုပ္ေတြ မ်ားျပား စုံစုံလင္လင္ရွိေတာ့ ဝယ္ရတာ အဆင္ေျပ ပါတယ္။ ဒါအျပင္ နမူနာ ဖတ္ဖို႔ စာအုပ္ေလးေတြပါ ထားေပးတာေတာ့ သားေလးလဲေ႐ြးရတာ ပိုၿပီး အဆင္ေျပတယ္။ Food Court ေနရာေလးလဲရွိတယ္ဆိုေတာ့ ေဈးဝယ္ရင္းနားခ်င္ရင္ပဲျဖစ္ျဖစ္ မိဘေတြတစ္ေနကုန္ေနခ်င္ရင္ပဲျဖစ္ျဖစ္ အရမ္းေကာင္းပါတယ္။” လို႔မႏွင္းသက္က ေျပာခဲ့တယ္။

မ်ိဳးဆက္သစ္ စာဖတ္သူေတြ ေဖာ္ထုတ္ေပးဖို႔ ရည္႐ြယ္တဲ့ ဒီ The Big Bad Wolf စာအုပ္ေရာင္းပြဲရဲ႕ ဂုဏ္သတင္းက ျမန္မာျပည္သူေတြ အထူးသျဖင့္ မိသားစုအေလးေပး အသိုင္းအဝိုင္း ေတြၾကားမွာ ျပန႔္ႏွံ႔လို႔ေနပါတယ္။ အဲ့ဒါကလည္း ဗဟုသုတေတြကို လိုခ်င္ေနၿပီး စာဖတ္ျခင္းအေလ့အက်င့္ျဖင့္ စိတ္ရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈကို အားေပးတဲ့ အသိုင္းအဝိုင္းေတြထဲမွာ ေတြ႕ရေလ့ရွိတဲ့ ေကာင္းေသာလကၡဏာတစ္ခုပဲ ျဖစ္ပါတယ္။

The Big Bad Wolf စာအုပ္ေရာင္းပြဲ ရန္ကုန္ ၂၀၂၀ ကို ဇန္နဝါရီ ၂၀ ရက္ေန႔အထိ က်င္းပသြားမွာမို႔ စိတ္မပူၾကနဲ႔ေနာ္။ ေက်ာင္းဝတ္စုံ (သို႔) ေက်ာင္းသားကတ္ကို ေငြရွင္းေကာင္တာမွာ ျပ႐ုံနဲ႔လည္း ေက်ာင္းသားေက်ာင္းသူေတြ အတြက္ ၅% ေလ်ာ့ေဈးကိုလည္း ၁၇ ရက္ေန႔အထိ ေပးသြားမွာပါ။ အကုန္လုံးအႀကိဳက္ စာအုပ္အမ်ိဳးအစားေတြကို ရယူဖို႔အခြင့္အေရးေကာင္းတစ္ခုပါ။ ကေလးေတြအတြက္လည္း ေပ်ာ္စရာ အစီအစဥ္ေလးေတြျဖစ္တဲ့ Bouncy Castle, Claw Machine, ပန္းခ်ီဆြဲတာ နဲ႔ တျခားအစီအစဥ္ေတြလည္း ရွိပါတယ္။ The Big Bad Wolf စာအုပ္ေရာင္းပြဲနဲ႔ ပတ္သက္တဲ့ ေနာက္ထပ္ အျခားစိတ္ဝင္စားစရာ အစီအစဥ္ ေတြကို ေအာက္ပါ လူမႈကြန္ယက္ စာမ်က္ႏွာမ်ားမွတဆင့္ သိရွိႏိုင္ပါတယ္။

• Facebook: bbwbooksmm
• Instagram: bigbadwolfbooks_mm

[Unicode]

The Big Bad Wolf စာအုပ်ရောင်းပွဲ ရန်ကုန် ၂၀၂၀ ကတော့ မြန်မာနိုင်ငံက လူတန်းစား အမျိုးမျိုးကို ဆွဲဆောင်လျှက်ရှိပြီး စာအုပ်နှစ်သက်သူတွေ သူတို့ ချစ်တဲ့သူတွေနဲ့ လာရောက်ပြီး စာအုပ်ရောင်းပွဲရဲ့ အတွေ့အကြုံတွေကို နှစ်သက်ခံစားကြတာမို့လို့ နှစ်စဉ်နှစ်တိုင်းလိုလို မိသားစုအစဉ်အလာတစ်ခု အဖြစ် ပြောင်းလဲလာပါတယ်။ ဒါ့အပြင် ဒီစာအုပ်ရောင်းပွဲက ၂၀၂၀ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံရဲ့ ပြည်သူတွေ အကြား လျင်လျင်မြန်မြန် ရေပန်းစားလာခဲ့ပါတယ်။

ကမ္ဘာအကြီးဆုံး စာအုပ်ရောင်းပွဲတော်ကြီး ရန်ကုန်မြို့ကို ဒုတိယအကြိမ် အဖြစ် Fortune Plaza, Myanmar Expo Hall တွင် ကျင်းပမယ်ဆိုတာကို ကြားခဲ့လို့ ဒီကလူတွေနဲ့ သူတို့ရဲ့မိသားစုတွေဆီက မမျှော်လင့်ထားတဲ့ တုံ့ပြန်ချက်တွေရခဲ့ပါတယ်။ စာအုပ်ရောင်းပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့ထိ မနက် ၉ နာရီမှ ည ၁၂ နာရီ အချိန်ထိ အများပြည်သူတွေ အတွက် အခမဲ့ ဖွင့်လှစ်ထားတာမို့လို့ လာရောက် ဈေးဝယ်သူတွေ သူတို့ စိတ်ကြိုက်စာအုပ်တွေကို ရှာဖွေဝယ်ယူဖို့ အချိန်တွေ အများကြီး ရရှိအုံးမှာ ဖြစ်ပါတယ်။

စာအုပ်ရောင်းပွဲတွင် ခင်းကျင်းရောင်းချထားသော အင်္ဂလိပ်ဘာသာ စာအုပ်တွေကို ဝယ်ယူဖို့ သူမရဲ့ အမျိုးသား နဲ့အတူ လာရောက်ခဲ့သူ မလဲ့ဝင်းဖြူ

UN အဖွဲ့အစည်းတစ်ခုတွင် Gender-Based Violence Analyst အဖြစ် အလုပ် လုပ်ကိုင်နေပြီး လူငယ် ပရော်ဖက်ရှင်နော် တစ်ယောက်ဖြစ်သူ မလဲ့ဝင်းဖြုကလည်းသူ့ရဲ့ အမျိုးသားနဲ့ အတူ ဒီစာအုပ်ရောင်ပွဲကို လာရောက် ခဲ့ပါတယ်။ “အရင်ကဆို အင်္ဂလိပ်ဘာသာ စာအုပ်တွေကို လက်လှမ်းမီဖို့ရာကို အရမ်းခက်ခဲတယ်။ အမတို့ ငယ်ငယ်တုန်းကဆို အင်္ဂလိပ်စာအုပ်တွေ ဖတ်ချင်ရင် စာကြည့်တိုက်ကို သွားရတယ်။ ဒါပေမဲ့ အဲမှာ ရှိတဲ့ စာအုပ်လေးတွေကိုပဲ ဖတ်ရတယ်။ တစ်ခါတစ်လေ နိုင်ငံခြားကနေတောင် မှာရတယ်။ ရတယ်ဆိုရင်တောင် အရမ်းဈေးကြီးတယ်။ ဒီ The Big Bad Wolf စာအုပ်ရောင်းပွဲမှာဆိုရင် ကိုယ်လိုချင်တဲ့ စာအုပ်တွေကို လက်လှမ်းမီနိုင်လောက်တဲ့ ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်လို့ရနိုင်တယ်လေ။” ဟု သူမရဲ့ အတွေ့အကြုံတွေကို ပြန်လည် ဝေမျှသွားပါတယ်။

စာအုပ်ရောင်းပွဲမှာ အင်္ဂလိပ်ဘာသာ စာအုပ်ပေါင်း ၁ သန်းကျော်ကို မူရင်းဈေးရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးတွေနဲ့ ဝယ်ယူရရှိနိုင်တာမို့လို့ စာအုပ်ချစ်သူတွေ ပိုက်ဆံ အများကြီးကုန်စရာ မလိုဘဲ စာများများဖတ်နိုင်ဖို့ တိုက်တွန်းထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေ၊ အချစ် ဝတ္ထုတွေ၊ သုတစာပေတွေ၊ သရုပ်ပြစာအုပ်တွေ၊ စီးပွားရေး၊ တက်ကျမ်း၊ ဗိသုကာ နှင့် ဟင်းချက်နည်းဆိုင်ရာ စာအုပ်တွေအပြင် ကလေးစာအုပ်တွေဖြစ်တဲ့ ပုံပြင်စာအုပ်တွေ၊ ဉာဏ်စမ်း စာအုပ်တွေ၊ စာအုပ်ထူတွေ၊ ဆေးရောင်ခြယ် စာအုပ်တွေ၊ ရုပ်ပြစာအုပ်တွေ နဲ့ အပြန်အလှန် လေ့ကျင့်သင်ကြားပေးလို့ရတဲ့စာအုပ်တွေ စသည့်ဖြင့် စာအုပ်အမျိုးအစားအစုံအလင်ကို ခင်းကျင်းပြသ ရောင်းချပေးထားပါတယ်။

စာဖတ်ခြင်းက လူတွေကို အခွင့်အလမ်းအသစ်တွေ ပေးနိုင်တဲ့ ဗဟုသုတတွေနဲ့ သူတို့ရဲ့ အတွေးအခေါ်တွေကို ပိုမိုတိုးတက်စေနိုင်တဲ့ စွမ်းအားရှိတာမို့လို့ မြန်မာနိုင်ငံက လူတွေ စာဖတ်ခြင်းရဲ့ တန်ဖိုးကို အသိအမှတ်ပြု လာခဲ့ကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စာဖတ်ခြင်းက ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုတွေကို သင်ယူဖို့ နည်းလမ်း တစ်ခုလည်း ဖြစ်တာမို့ လူတွေရဲ့ ဘဝတွေကိုပြောင်းလဲပေးနိုင်ပါတယ်။

စာအုပ်တွေမှတဆင့် မြန်မာနိုင်ငံရဲ့ ပြည်သူတွေအတွက် အခွင့်အလမ်းများစွာ ရရှိနိုင်မယ်ဆိုတာကို ယုံကြည်ထားပြီး မင်္ဂလာဒုံမြို့နယ်ကနေ ဖခင်နဲ့အတူ စာအုပ်ရောင်းပွဲကို လာရောက်ခဲ့တဲ့ အင်ဂျင်နီယာ ကျောင်းသား မောင်ဘုန်းမြင့်မော်

မှော်ဘီနည်းပညာတက္ကသိုလ်မှာ Civil Engineering ဒုတိယနှစ် တက်နေတဲ့ မောင်ဘုန်းမြင့်မော် ကတော့သူ့အဖေနဲ့ မင်္ဂလာဒုံမြို့နယ် ကနေတောင်လာပြီး အခုလိုပြောသွားပါတယ်။ ” မနှစ်ကလည်း ဒီ စာအုပ်ရောင်းပွဲတော် ကို လာဖူးပါတယ် အခုနဲ့ဆို ဒုတိယအကြိမ်ပေါ့။ ဒီမှာဆိုရင် ကမ္ဘာ့ရောင်းအား အကောင်းဆုံး စာအုပ်တွေကိုပါ ရနိုင်တယ်။ ကျွန်တော် အကြိုက်ဆုံး အချက်ကတော့ The Big Bad Wolf မှာ စာအုပ် အမျိုးအစား စုံစုံလင်လင် ရနိုင်တာကိုပဲ ဖြစ်တယ်။ အခု မြန်မာနိုင်ငံမှာလည်း အင်္ဂလိပ်ဘာသာစာအုပ်တွေ တော်တော်များများ ဖတ်လာကြတာ အရမ်းပဲ ကောင်းပါတယ်။ အင်္ဂလိပ်ဘာသာက နိုင်ငံတကာသုံး ဘာသာ စကားဖြစ်တာမို့လို့ အဲ့ဒီလို လေ့လာတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံရဲ့ အနာဂတ်အတွက် အရမ်းကောင်းတဲ့ အခွင့်အလမ်းတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။”

လှိုင်မြို့နယ်နေ သားလေးတစ်ဦးမိခင် မနှင်းသက်က The Big Bad Wolf စာအုပ်ရောင်းပွဲ ရန်ကုန် ၂၀၂၀ အကြောင်းကို အွန်လိုင်းကနေတဆင့်တွေ့ပြီးတော့ ဒီနှစ်မှာကလေးစာအုပ်တွေ တော်တော်များရှိတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲ့ဒါနဲ့ သူ့ညီမလေးနဲ့ သားလေးကိုပါခေါ်လာပြီး ပွဲအတွေ့အကြုံ အကြောင်းဝေမျှသွားပါတယ်။

“အရင်နှစ်က ဒီပွဲရန်ကုန်မှာ လုပ်တယ်ဆိုတာ သိတယ် ဒါပေမဲ့ သားလေးက ငယ်သေးလို့ မသွားဖြစ်လိုက်ဘူး။ အခုလာဖြစ်တာကတော့ အဓိက သားအတွက်ပါ။ သားအတွက် အဆင်ပြေမယ့် စာအုပ်တွေရယ် လက်ရှိမှာရော သူကို သင်ပေးလို့ရတဲ့ စာအုပ်တွေရယ် ပြီးတော့ အမအတွက် အချက်အပြုတ် စာအုပ်တွေရယ် တခြား ဝတ္ထုစာအုပ်တွေရယ် ဝယ်ဖို့ပါပဲ။ ဒီကို ပထမဆုံး အကြိမ်ရောက်တာ ဆိုပေမဲ့ အရမ်းကောင်းတဲ့ အတွေ့အကြုံလေးတစ်ခုပါ အထူးသဖြင့် ကလေးစာအုပ်တွေ များပြား စုံစုံလင်လင်ရှိတော့ ဝယ်ရတာ အဆင်ပြေ ပါတယ်။ ဒါအပြင် နမူနာ ဖတ်ဖို့ စာအုပ်လေးတွေပါ ထားပေးတာတော့ သားလေးလဲရွေးရတာ ပိုပြီး အဆင်ပြေတယ်။ Food Court နေရာလေးလဲရှိတယ်ဆိုတော့ ဈေးဝယ်ရင်းနားချင်ရင်ပဲဖြစ်ဖြစ် မိဘတွေတစ်နေကုန်နေချင်ရင်ပဲဖြစ်ဖြစ် အရမ်းကောင်းပါတယ်။” လို့မနှင်းသက်က ပြောခဲ့တယ်။

မျိုးဆက်သစ် စာဖတ်သူတွေ ဖော်ထုတ်ပေးဖို့ ရည်ရွယ်တဲ့ ဒီ The Big Bad Wolf စာအုပ်ရောင်းပွဲရဲ့ ဂုဏ်သတင်းက မြန်မာပြည်သူတွေ အထူးသဖြင့် မိသားစုအလေးပေး အသိုင်းအဝိုင်း တွေကြားမှာ ပြန့်နှံ့လို့နေပါတယ်။ အဲ့ဒါကလည်း ဗဟုသုတတွေကို လိုချင်နေပြီး စာဖတ်ခြင်းအလေ့အကျင့်ဖြင့် စိတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ အသိုင်းအဝိုင်းတွေထဲမှာ တွေ့ရလေ့ရှိတဲ့ ကောင်းသောလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

The Big Bad Wolf စာအုပ်ရောင်းပွဲ ရန်ကုန် ၂၀၂၀ ကို ဇန်နဝါရီ ၂၀ ရက်နေ့အထိ ကျင်းပသွားမှာမို့ စိတ်မပူကြနဲ့နော်။ ကျောင်းဝတ်စုံ (သို့) ကျောင်းသားကတ်ကို ငွေရှင်းကောင်တာမှာ ပြရုံနဲ့လည်း ကျောင်းသားကျောင်းသူတွေ အတွက် ၅% လျော့ဈေးကိုလည်း ၁၇ ရက်နေ့အထိ ပေးသွားမှာပါ။ အကုန်လုံးအကြိုက် စာအုပ်အမျိုးအစားတွေကို ရယူဖို့အခွင့်အရေးကောင်းတစ်ခုပါ။ ကလေးတွေအတွက်လည်း ပျော်စရာ အစီအစဉ်လေးတွေဖြစ်တဲ့ Bouncy Castle, Claw Machine, ပန်းချီဆွဲတာ နဲ့ တခြားအစီအစဉ်တွေလည်း ရှိပါတယ်။ The Big Bad Wolf စာအုပ်ရောင်းပွဲနဲ့ ပတ်သက်တဲ့ နောက်ထပ် အခြားစိတ်ဝင်စားစရာ အစီအစဉ် တွေကို အောက်ပါ လူမှုကွန်ယက် စာမျက်နှာများမှတဆင့် သိရှိနိုင်ပါတယ်။

• Facebook: bbwbooksmm
• Instagram: bigbadwolfbooks_mm