တစ်ခါတစ်လေ ကိုယ်ပိုင်ဆိုင်ထားတဲ့ Relationship က Toxic ဖြစ်နေတဲ့ Relationship ဟုတ်မဟုတ်ဆိုတာ ကိုယ်တိုင် သတိမထားမိတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ သေချာပေါက် ရုန်းထွက်သင့်တဲ့ Toxic Relationship ရဲ့ လက္ခဏာတွေပါ။ သင်က အလားတူပြဿနာမျိုးနဲ့ ရင်ဆိုင်နေရပြီဆိုရင်တော့ သေချာပေါက် ရုန်းထွက်သင့်နေပါပြီ။

မနာလိုတာ

ချစ်သူနှစ်ယောက်ကြားမှာ မနာလိုစိတ်ရှိနေရင် ဘယ်လိုမှ မပျော်ရွှင်နိုင်တော့ပါဘူး။ တစ်ချိန်လုံး မနာလိုဝန်တိုလွန်းနေပြီဆိုရင်တော့ သင်တို့ရဲ့ဆက်ဆံရေးကို ပြန်လည်သုံးသပ်သင့်ပါပြီ။

ထိန်းချုပ်တာ

သင့်လက်တွဲဖော်က သင်လုပ်သမျှကို ထိန်းချုပ်နေတာ ၊ ဘယ်သွားမလို့လဲ တစ်ချိန်လုံးမေးနေတာ ၊ စာပြန်မပို့တဲ့အခါ ဒါမှမဟုတ် ဖုန်းမကိုင်မိတဲ့အခါ ရန်ရှာတာ ဒါတွေက ကြာလာရင် ယုံကြည်မှုကင်းမဲ့ခြင်းဆီ ဦးတည်သွားနိုင်တာမလို့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဆက်ဆံရေးတစ်ခုကို ပိုဆိုးသွားစေနိုင်ပါတယ်။

မရိုးသားတာ

သင့်လက်တွဲဖော်က မုသားစကားတွေ မကြာခဏ လိမ်လည်ပြောဆိုနေတတ်တဲ့သူဆိုရင်တော့ ရိုးရိုးသားသားပြောရရင် ဒါဟာ ကောင်းတဲ့ Relationship မဟုတ်ပါဘူး။

ဝေဖန်တာ

Relationship တစ်ခုမှာ ကောင်းသောပြောခြင်းနဲ့ဝေဖန်တာက ပြဿနာမရှိပေမယ့် မလေးစားခြင်းကြောင့် ဖြစ်လာတဲ့ ပုတ်ခတ်ဝေဖန်မှုတွေကြောင့် သင့်လက်တွဲဖော်နဲ့ ပြောသမျှက စိတ်ဖိစီးစရာဖြစ်ရပ်တစ်ခုလို ခံစားနေရရင်တော့ ဒါဟာ ကောင်းတဲ့ Relationship ရဲ့ လက္ခဏာမဟုတ်တာတော့ သေချာပါတယ်။

ပံ့ပိုးကူညီမှုမရှိတာ

ကောင်းတဲ့ Relationship မှာ တစ်ယောက်ကိုတစ်ယောက် အောင်မြင်မှုရဖို့ ပံ့ပိုးပေးလေ့ရှိကြပါတယ်။ ဒါပေမယ့် သင့်လက်တွဲဖော်က သင့်ကို ပံ့ပိုးကူညီရမယ့်အစား ရှုတ်ချတာ ၊ အဆိုးမြင်တာ ဒါမှမဟုတ် စိတ်ဓာတ်ကျတာကို ခံစားရစေပြီဆိုရင်တော့ သင်မျှော်လင့်ထားတဲ့ ကောင်းတဲ့ Relationship မဟုတ်တာ အသေချာပါ။

ဖိစီးမှုများတာ

သင့်ဆက်ဆံရေးမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေရပြီဆိုရင် သင့်ဆက်ဆံရေးကို ပြန်စဉ်းစားဖို့ လိုနေပါပြီ။