ကြည့်လိုက်တာနဲ့တင် ဆံပင်ဆိုးချင်စိတ်ပေါက်သွားစေမယ့် hair color တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်ကို သူများနဲ့မတူအောင် color လှလှလေးဆိုးချင်တဲ့သူတွေအတွက်လည်း ဒီ hair color တွေက အမိုက်စားဖြစ်နေမှာပါ။ လူငယ်ကောင်မလေးတွေကတော့ ပိုပြီးသဘောကျမယ်လို့ ထင်ပါတယ်။

Hair color နုနုလေးတွေကြိုက်ရင် ဒီအရောင်လေးက အရမ်းလှပါတယ်။ ပန်းရောင်နဲ့ ခရမ်းရောင်ဆက်ထားသလို အရောင်လေးပါ။ လူငယ်ဆန်ပြီး မျက်နှာလေး ပိုလင်းသွားစေပါတယ်။

ဒီ hair color လေးကျတော့ ပန်းရောင်ဘက်ကို ပိုသွားပါတယ်။ ပန်းရောင်ကိုမှ တော်တော်လှတဲ့အရောင်လေးပါ။

ဒီ hair color ကတော့ ခဲနဲ့နက်ပြာဆက်ထားသလို အရောင်လေးပါ။ ဆံပင်အရောင်ဆန်းတာလေး ဆိုးချင်ပေမယ့် နုနုလေးတွေနဲ့ အရမ်းတောက်နေတာမျိုးလည်း မဆိုးချင်ဘူးဆိုရင် ဒီအရောင်လေးကိုသာရွေးပါ။

တစ်ခေါင်းလုံးမဆိုးချင်တဲ့သူတွေကတော့ အတွင်းပိုင်းကိုပဲ ခုနကလိုအရောင်လေး (သို့) နက်ပြာရောင်လေး ဆိုးကြည့်ပါ။ အရမ်းလှပါတယ်။

Pony ဆိုးထားတဲ့ ဒီ hair color ဆိုရင်လည်း တော်တော်မိုက်ပါတယ်။ အဖြူကိုမှ အောက်နားကို သူဆိုးထားတဲ့အပြာက color ဆန်းပြီး တော်တော်လှပါတယ်။

တစ်ခေါင်းလုံးကို ဒီလိုခရမ်းရောင်လေးဆိုးရင်လည်း အရမ်းလှပါတယ်။ အမြင်ရိုင်းမှာလည်း မပူပါနဲ့။ လုံးဝမရိုင်းပါဘူး။

ဒီအရောင်လေးကျတော့ ပထမဆုံး hair color နဲ့ဆင်ပေမယ့် သူကပိုပြီးအရောင်နည်းနည်းရင့်ပါတယ်။ ခရမ်းဖောက်တာပိုများပြီး ပထမဆုံးပုံထဲက hair color ထက်လည်း ပိုလှပါတယ်။

ဆံပင်ကိုတစ်ခေါင်းလုံးမဆိုးချင်ရင် ထိပ်နားလေးကိုပဲ highlight တွေဖောက်ကြည့်ပါ။

ဒီဆံပင်အရောင်နဲ့ပုံစံလေးဆိုရင် ဘယ်တော့မှရိုးမသွားပဲလှတဲ့ hair color လေးပါ။

photo source:www.pinterest.com