စကားပြောလိုက်တာနဲ့ ကိုယ့်စတိုင်နဲ့ ဆက်စပ်လို့ရတယ်၊ ပေါင်းလို့ရတယ်လို့ ခံစားမိသွားတဲ့ မိတ်ဆွေ မျိုးကို ကြုံဖူးလား။ ဒီလို ကိုယ်နဲ့ အဆင်ပြေတဲ့သူတွေရှိတတ်ပေမယ့် တစ်ဘက်မှာတော့ မုန်းစရာ အကြောင်းပြချက် မရှိဘဲနဲ့ကို ကြည့်မရတဲ့ သူတွေ ရှိတတ်ပါသေးတယ်။ အခုဖော်ပြမယ့် ရာသီခွင် အတွဲအစပ်တွေကတော့ စိတ်တူကိုယ်တူ ရှိပြီး အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်တတ်ကြသူတွေပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ရာသီခွင်နဲ့ သင့်သူငယ်ချင်း ရာသီခွင် ထပ်တူကျရဲ့လား ဖတ်ကြည့်လိုက်ပါနော်။

၁။ Cancer + Scorpio

Cancer ရာသီခွင်တွေက ကိုယ်ချစ်ရသူတွေအပေါ် ဂရုစိုက်တတ်ပြီး ကာကွယ်တတ်သူတွေ ဖြစ်ပါတယ်။ Scorpio ကတော့ စိတ်ထိခိုက်လွယ်သူတွေ ဖြစ်ပါတယ်။ ဒီရာသီခွင် နှစ်ခု သူငယ်ချင်း ဖြစ်လိုက်တဲ့အချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးနိုင်သူ၊ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသူတွေ ဖြစ်သွားတတ်ပါတယ်။

၂။ Sagittarius + Aries

Sagittarius ရာသီခွင်တွေက ရိုးသားသူတွေ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး အပေါင်းအသင်း များသူတွေ ဖြစ်ပါတယ်။ Aries ရာသီဖွားတွေကတော့ ခေါင်းဆောင်ကောင်းတွေ ဖြစ်တတ်ပြီး စိတ်အားထက်သန်သူတွေ ဖြစ်ပါတယ်။ ဒီရာသီခွင် နှစ်ခုက အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်တတ်ပါတယ်။

၃။ Taurus + Gemini

Taurus ရာသီဖွားတွေက မိတ်ဆွေ ကောင်းတွေကို လိုအပ်နေသူတွေ ဖြစ်ပါတယ်။ အပေါင်းအသင်း ဆံ့တဲ့ Gemini ရာသီဖွားတွေနဲ့ အဆင်ပြေတတ်ပါတယ်။

၄။ Leo + Capricorn

Leo တွေကို ခြင်္သေ့တစ်ကောင်အနေနဲ့ ကိုယ်စားပြုလေ့ရှိပြီး သတ္တိရှိသူ၊ ကြံ့ခိုင်သူတွေ ဖြစ်ပါတယ်။ နှိမ့်ချပေါင်းသင်းတတ်တဲ့ Capricorn ရာသီဖွားသူငယ်ချင်းတွေကို ခင်မင်တတ်သူတွေ ဖြစ်ပါတယ်။

၅။ Virgo + Libra

Virgo တွေက လက်တွေ့ကျပြီး ချက်ကျလက်ကျ စဉ်းစားတတ်သူတွေ၊ လုပ်ကိုင်တတ်သူတွေ ဖြစ်ပါတယ်။ ချိန်ခွင်ရာသီခွင် Libra တွေက အရာရာကို မျှမျှတတ နေထိုင်တတ်သူတွေ ဖြစ်ပါတယ်။ ညှိနှိုင်းတာ တော်တဲ့ Libra ရာသီဖွားတွေနဲ့ Virgo တွေက ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်တတ်ပါတယ်။

၆။ Aquarius + Pisces

Aquarius တွေက ပုံမှန်မဟုတ်တဲ့ ဝါသနာအများစုကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ တီထွင်ဖန်တီးအားကောင်းတဲ့ Pisces တွေနဲ့ ပျော်ပျော်နေတတ်တဲ့ Aquarius ရာသီဖွားတွေက အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်တတ်ပါတယ်။

၇။ Sagittarius + Cancer

Sagittarius ရာသီခွင်တွေက အကောင်းမြင်စိတ်များသူတွေ ဖြစ်ပါတယ်။ စိတ်အပြောင်းအလဲ မြန်တဲ့ Cancer ရာသီဖွားတွေနဲ့ မိတ်ဆွေကောင်းတွေ ဖြစ်နေတတ်ပါတယ်။

၈။ Aries + Scorpio

Scorpio တွေက သူတို့ လုပ်တဲ့အလုပ်အပေါ် စိတ်နှစ်ပြီး လုပ်ကိုင်တတ်ကြပါတယ်။ အလုပ်တစ်ခုအပေါ် စိတ်ထက်သန်စွာ လုပ်တတ်တဲ့ Aries ရာသီဖွားတွေနဲ့ စိတ်တူကိုယ်တူ ရှိတတ်ကြပါတယ်။

ရာသီခွင်တွေ တိုက်ဆိုင်တယ်ဆိုရင်တော့ သူငယ်ချင်းတွေကို Mention ခေါ်ဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar