နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့သူတွေအဖို့ စိတ်ဖိစီးစရာဆိုတာ တစ်မျိုးမဟုတ် တစ်မျိုးကြုံတွေ့ရတတ်စမြဲပါပဲ့။ ဒါပေမဲ့ နေ့ရက်တိုင်းကတော့ စိတ်ညစ်စရာချည်းနဲ့ပဲ ပြည့်နှက်နေတာတော့ မဟုတ်ပါဘူး။ ပျော်ရွှင်ရတဲ့အချိန်တွေလည်း ရှိတတ်သလို စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာတွေကို ရင်ဆိုင်နေရတဲ့အချိန်လည်း ရှိတတ်ပါတယ်။

စိတ်ညစ်စရာတွေ စိတ်ဖိစီးစရာတွေဆိုတာ စိတ်ရှုပ်နေချိန်မှာပဲ ဖြစ်ပေါ်တတ်တာပါ။ ဒီလိုအချိန်မျိုးမှာဆိုရင် သင့်စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ပြုလုပ်နိုင်ဖို့ အရေးကြီးပါတယ်။ သင့်စိတ်ကို တည်ငြိမ်အောင် ပြုလုပ်တဲ့နေရာမှာတော့ တရားထိုင်ခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။ ဒါ့အပြင် သင့်ကို စိတ်တည်ငြိမ်အောင် စိတ်ဖိစီးမှုကင်းဝေးအောင် ကူညီပေးနိုင်တဲ့ ယောဂကျင့်စဉ်‌တချို့လည်း ရှိပါတယ်။

ကဲ..ဘယ်လိုယောဂကျင့်စဉ်တွေက သင့်ကို စိတ်တည်ငြိမ်အောင် စိတ်ဖိစီးမှုကင်းဝေးအောင် ကူညီပေးနိုင်သလဲဆိုတာကို ကြည့်လိုက်ရအောင်။

လေ့ကျင့်ခန်း (၁)

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်းချဲထားပါ။ ထို့နောက် လက်နှစ်ဖက်ကို လက်ပိုက်တဲ့အနေအထားအတိုင်း ဦးခေါင်းပေါ်မှာ တင်ထားလိုက်ပါ။ ပြီးရင် တဖြည်းဖြည်းနဲ့ ခါးကို ကွေးညွှတ်ပေးလိုက်ပါ။ အသက်ကို ဖြည်းဖြည်းမှန်မှန် ရှုသွင်းရှုထုတ်ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။ အသက်ရှုသွင်းရှူထုတ်ခြင်းကို ၁၀ ကြိမ် တိတိပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

ဒီလေ့ကျင့်ခန်းကိုတော့ သိမ်းငှက်ယောဂကျင့်စဉ်လို့ အမည်ပေးထားကြပါတယ်။ ဘယ်ဒူးကို ကွေးထားပြီး ကျန်တစ်ဖက်က ခြေထောက်ချိတ်ထိုင်တဲ့အခါ ထိုင်လေးရှိတဲ့ပုံသဏ္ဍာန်အတိုင်း ချိတ်လိုက်ပါ။ ချိတ်ရုံနဲ့ မပြီးသေးပါဘူး။ ခြေဖျားက ဘယ်ခြေရဲ့နောက်သို့ ပို့ပေးလိုက်ပါ။ လက်နှစ်ဖက်ကို ပုံပါအတိုင်း ယှက်ထားလိုက်ပါ။ သင့်ရဲ့ အကြည့် တစ်နေရာတည်းကိုပဲ အာရုံပြုထားရပါမယ်။

အသက်ရှူသွင်းရှူထုတ် ငါးကြိမ်တိတိပြုလုပ်ပြီးနောက် ခြေထောက်နှင့် လက်ကို ဘက်ပြောင်းပြီး ပြုလုပ်ပေးပါ။ နောက်ထပ် ငါးကြိမ်တိတိ အသက်ရှူသွင်း ရှူထုတ်ပြုလုပ်ပေးလိုက်ပါ။

ဒီလေ့ကျင့်ခန်းက စိတ်ဖိစီးမှုကို ပြေပျောက်စေရုံသာမကဘဲ တင်ပါးကြွက်သားအတွက်ပါ ကောင်းမွန်ပါတယ်။ ဒါ့အပြင် ပုခုံးမှာ တင်းမာနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့သွားစေပါတယ်။

လေ့ကျင့်ခန်း (၃)

ဒီအနေအထားကိုတော့ နွားယောဂကျင့်စဉ်လို့ခေါ်ပါတယ်။ ထိုအနေအထားအတိုင်း နေကာ အသက်ရှူသွင်းရှူထုတ် ငါးကြိမ်ပြုလုပ်ပါ။

တစ်ဆက်တည်းမှာပဲ ကြောင်ယောဂကျင့်စဉ်ကို ဆက်လက်ပြုလုပ်ပေးရပါမယ်။ ထိုအနေအထားအတိုင်း အသက်ငါးကြိမ်းတိတိ ရှူသွင်းရှူထုတ်ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

ဒီလေ့ကျင့်ခန်းကိုတော့ ကလေးယောဂကျင့်စဉ်လို့ အမည်ပေးထားကြပါတယ်။ ထိုအနေအထားအတိုင်း အသက်ရှူသွင်းရှူထုတ် ဆယ်ကြိမ်ပြုလုပ်ပါ။ အသက်ရှူရတာ အခက်အခဲရှိတယ်ဆိုရင်တော့ နဖူး (သို့) ဝမ်းဗိုက်အောက်မှာ ခေါင်းအုံးတစ်လုံး ခံထားပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

နံရံကိုမှီပြီး ခြေထောက်ထောင်ထားကာ လက်နှစ်ဖက်ကို ဘေးဘက်သို့ ဆန့်တန်းထားပါ။ ၁၀ ကြိမ် အသက်ရှူသွင်းရှူထုတ်ပြုလုပ်ပေးလိုက်ပါ။

Source: Gaiam.com