အားလုံးပဲ မင်္ဂလာပါ။ ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျော့ချချင်တယ် အစားလည်းမရှောင်နိုင် ပြင်းထန်တဲ့ဝမ်းဗိုက်လေ့ကျင့်ခန်းတွေလည်း လုပ်ရမှာပင်ပန်းတယ်ဆိုတဲ့သူတွေအတွက် လွယ်ကူရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးလုပ်လို့ရမဲ့ Yoga လေ့ကျင့်ခန်းလေးတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။

ဒီ Yoga ပို့စ်လေးတွေကို လိုက်လုပ်ပြီးတဲ့နောက်မှာ ဝမ်းဗိုက်လေးတွေ ပြားချပ်သွားတာကို မျက်မြင်ကိုယ်တွေ့ခံစားရမှာ အသေအချာပါပဲ။

၁။ မြွေဟောက်ပုံစံ Yoga

ဝမ်းလျားမှောက်ပြီး လက်နှစ်ဖက်ကိုထောက်ထားကာ ဆန့်တန်းလိုက်ပါ၊ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖြည်းဖြည်းချင်းဆွဲမလိုက်ပါ။ ခြေချောင်းနဲ့ ပေါင်တွေက ကြမ်းပြင်နဲ့ ထိကပ်ပေးဖို့တော့ လိုပါတယ်။ ဒီပုံစံအတိင်း ၂၅ စက္ကန့်၊ စက္ကန့် ၃၀ ခန့် နေပါ။

၂။ ကုလားအုတ်ပုံစံ Yoga

ကြမ်းပြင်ပေါ်မှာ ဒူးေထောက်ထားပြီး ကျောကိုကော့ထားကာ ခြေဖနောင်နဲ့ လက်ကို ထိကပ်ထားပါ။ အဲ့ဒီပုံစံအတိုင်း ၁ မိနစ်ခန့် တောင့်ထာားပါ။

၃။ ခွေးကလေး မျက်နှာချထားတဲ့ ပုံစံ

ခြေထောက်နဲ့ လက်များကို ကြမ်းပြင်နဲ့ထိကပ်ထားပါ။ ပြီးရင် တင်ပါးကို ခန္ဓာကိုယ်နဲ့ ၉၀ ဒီဂရီဖြစ်နေအောင် မထားပါ၊ ၃ မိနစ်ခန့် ငြိမ်ငြိမ်နေပါ။

၄။ ဘေးတစောင်းထောက်ထားတဲ့ ပုံစံ

လေ့ကျင့်ခန်း ၃ က အနေအထားကို ပုံစံပြောင်းပြီး လက်တစ်ဖက်ကို ကြမ်းပြင်မှာ ထောက်ထားပြီး အခြားတစ်ဖက်ကို လေပေါ်သို့မြှောက်ထားပါ။ ခြေထောက်ကို ရှေ့တစ်ဖက် နောက်တစ်ဖက်ထားပါ။ ၁၅ စက္ကန့်၊ စက္ကန့် ၃၀ ပြည့်ရင် လေ့ကျင့်ခန်း ၃ ရဲ့အနေအထားအတိုင်း ပြန်နေပါ။

၅။ ခြေတစ်ချောင်း လေပေါ်ထောင်ထားတဲ့ ပုံစံ

လေ့ကျင့်ခန်း ၃ အနေအထားအတိုင်းပြန်နေပြီးပြီဆိုရင် ခြေေထောက်တစ်ဖက်ကို အပေါ်သို့ ဖြည်းဖြည်းချင်းထောင်မတ်လိုက်ပါ။ ပြီးရင် ဖြည်းဖြည်းချင်းပြန်ချပြီး အခြားခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပေးပါ။ တစ်ဖက်စီကို ၁၀ ကြိမ်ခန့်ပြုလုပ်ပေးပါ။

၆။ မျက်နှာချင်းဆိုင် ထောက်ထားတဲ့ ပုံစံ

ခြေချောင်းလေးတွေကို ဟန်ချက်ညီအောင် ထောက်ထားပါ။ လက်နှစ်ဖက်ကိုလည်း ပုခုံးအောက်တည့်တည့်မှာ ထောက်ထားပြီး ကြမ်းပြင်နဲ့ မျက်နှာချင်းဆိုင်ကြည့်နေပါ။ တောင့်နိုင်သမျှတောင့်ထားပြီးနောက် ခဏအနားယူကာ သုံး၊ လေးခေါက်လောက်ပြန်လုပ်ပေးပါ။ တစ်ရက်ထက်တစ်ရက် အချိန်တိုးလုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

၇။ ထိုင်ပြီး အကြောလျော့နေတဲ့ပုံစံ

အသက်ရှူထုတ်လိုက်တာနဲ့ တပြိုင်နက် ခန္ဓာကိုယ်ကို ခြေထောက်ဆီသို့ဆွဲဆန့်လိုက်ပြီး လက်များက ခြေထောက်တွေကို ပွေ့ဖက်ထားပါ။ ၁ မိနစ်ခန့် ငြိမ်နေပါ။

၈။ လှေပုံသဏ္ဍာန် Yoga

အရင်ဆုံးခန္ဓာကိုယ်ကို လှဲချထားပါ၊ ခြေထောက်များကို တဖြောင့်တည်းထားပြီး ဖြည်းဖြည်းချင်းဆွဲမလိုက်ပါ။ ခန္ဓာကိုယ်ကိုလည်း ဖြည်းဖြည်းချင်းဆွဲတင်ပြီး ထပါ၊ လက်နှစ်ဖက်ကို လှေပုံသဏ္ဍာန်ဖြစ်သွားအောင် ဆွဲဆန့်လိုက်ပါ။ ဒီပုံစံအတိုင်း တစ်မိနစ်ခန့် တောင့်ထားပါ။

၉။ သစ်ပင်ပုံစံ

မတ်တပ်ရပ်ပြီး ညာဘက်ခြေဖဝါးကို ဘယ်ဘက်ပေါင်အတွင်းသို့ထိကပ်လိုက်ပါ၊ လက်အုပ်ချီတဲ့ အနေအထားပြုလုပ်ပြီး ပြုံးထားပါ။ ၁ မိနစ်ခန့် ငြိမ်နေပါ။ ဒီပုံစံက သင့်ဝမ်းဗိုက်ကြွက်သားများကို သန်မာစေပါတယ်။

Source: Brightside.me

Featured Image Source: BollywoodShaadis.com