၂၀၁၈ ထဲက အဝါရောင်က တော်တော်ကို Trends ဖြစ်နေတဲ့ ဖက်ရှင်အရောင်ပါပဲ။ အဝါရောင်က မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်တဲ့အပြင် ဝတ်လိုက်တာနဲ့ ထင်းကနဲ့ပေါ်နေစေတယ်။ ဖက်ရှင်လည်းကျတဲ့အရောင်ပါ။

ဒါ့အပြင် ဓာတ်ပုံရိုက်ရင်လည်း တခြားအရောင်တွေထက် အဝါရောင်ဝတ်ပြီးရိုက်တာက ပိုလှပြီးပေါ်လွင်စေတယ်။ ဒါကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပြီး ဖက်ရှင်ကျစေတဲ့ အဝါရောင်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

အဝါရောင်ဂါဝန်ရှည်ဆိုရင် ဝတ်လိုက်တာနဲ့ အရမ်းလှပြီး ထင်ပေါ်စေပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှလို့ မိန်းကလေးတိုင်း တစ်ထည်လောက်တော့ ရှိထားသင့်တယ်နော်။

အဝါရောင်ဂါဝန်အတိုလေးဆိုရင်တော့ ဝတ်လိုက်တာနဲ့ အရမ်းချစ်စရာကောင်းသွားမှာပါ။ ဓာတ်ပုံရိုက်ရင်လည်း ချစ်စရာကောင်းသလို အပြင်မှာလည်း ချစ်စရာကောင်းစေပါတယ်။

ကမ်းခြေသွားတဲ့အခါမှာလည်း အဝါရောင်လေးဝတ်လိုက်ရင် အရမ်းကိုလှပနေရောပဲနော်။

အဝါရောင်ကုတ်လေးတွေဆိုလည်း တခြားကုတ်အရောင်တွေထက် ပိုထင်ပေါ်ပြီးလှတယ်။ အဝါရောင်ကို အနက်ရောင်လေးနဲ့သာတွဲဝတ်ရင် အရမ်းဖက်ရှင်ကျတယ်။

Crop Top ဆိုလည်း အဝါရောင်သာရွေးဝယ်၊ ဖက်ရှင်ကျပြီး မိုက်နေရောပဲ။

တီရှပ်လေးတွေကို ဂျင်းနဲ့တွဲဝတ်မယ်ဆိုလည်း အဝါရောင်က ပိုပြီးဖက်ရှင်ကျစေပါတယ်။

အဝါရောင်ဂါဝန်ကိုမှ အပွင့်လေးတွေဆိုလည်း ချစ်စရာကောင်းစေပါတယ်။ ခရီးထွက်တဲ့အခါဆိုလည်း ဒီလိုဂါဝန်လေးတွေက ချစ်စရာကောင်းတယ်။

ဆွယ်တာဝယ်တဲ့အခါ ဘာအရောင်ရွေးရမှန်းမသိရင် အဝါရောင်သာရွေးပါ။ အဝါရောင်ဆွယ်တာလေးတွေဆိုရင် အရမ်းလှတယ်။ ဘာနဲ့တွဲဝတ်ဝတ်လည်း လိုက်တယ်။

အဝါရောင်စကပ်ဆိုလည်း ဘာနဲ့တွဲဝတ်ဝတ်လှပပါတယ်။ ခရီးသွားတဲ့အခါတို့၊ ဓာတ်ပုံရိုက်တဲ့အခါတို့ဆို ပိုပြီးတော့လှတယ်နော်။

အဝါရောင် Hoodie ဆိုရင်တော့ အားလုံးပဲကြိုက်ကြမယ်လို့ထင်ပါတယ်။ ဖက်ရှင်ကျပြီးမိုက်တော့ မိန်းကလေးတင်မကဘူး ယောင်္ကျားလေးနဲ့ဆိုလည်း အရမ်းလိုက်တဲ့အရောင်လေးပါ။

Photo Source: www.pinterest.com