ဆံပင်အရှည်မြန်ချင်တဲ့သူတိုင်းလုပ်ကြည့်သင့်တဲ့ အထိရောက်ဆုံးနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်အရှည်နှေးလို့ပဲဖြစ်ဖြစ်၊ ဆံပင်ညှပ်လိုက်တာ တိုသွားလို့ အမြန်ပြန်ရှည်ချင်ရင်ပဲဖြစ်ဖြစ်၊ ဆံပင်သန်ချင်ရင်ပဲဖြစ်ဖြစ် ဒီနည်းလမ်းတွေကိုသာ ပုံမှန်စိတ်ရှည်ရှည်နဲ့ လုပ်သွားပေးပါ။ လပိုင်းအတွင်းမှာတင် သိသာတဲ့ရလဒ်ကို ရရှိလာမှာပါ။

ဆံပင်နှစ်ခွတွေကိုညှပ်ထုတ်ပေးပါ

ဆံပင်နှစ်ခွတွေကို ပုံမှန်ညှပ်ပေးမှ အရှည်မြန်မှာပါ။ ဆံပင်အဖျားမှာ နှစ်ခွတွေ၊ ပျက်စီးနေတာတွေများရင်လည်း ဆံပင်အရှည်နှေးပါတယ်။ ဆိုင်မှာသွားညှပ်ရင်တော့ အဖျားညှပ်ထုတ်လည်း တိုသွားပါလိမ့်မယ်။ ဒါကြောင့် အိမ်မှာပဲ အဖျားလေးတွေကို ကိုယ်တိုင်ညှပ်ပါ။

ခေါင်းမလျှော်ခင်ညမှာ hair oil လိမ်းအိပ်ပါ

ခေါင်းမလျှော်ခင်ညမှာ hair oil တွေ၊ သံလွင်ဆီ၊ ကြက်ဆူဆီ စတာတွေကို လိမ်းပြီးနှပ်ထားပြီး အိပ်ပါ။ ဒီလိုလုပ်ပေးခြင်းက ဆံသားပျက်စီးတာတွေ ပြန်ကောင်းလာစေတယ်။ ဆံပင်ကျွတ်တာသက်သာပြီး ဆံသားကျန်းမာလို့ အရှည်မြန်စေပါတယ်။

သဘာဝနည်းလမ်းနဲ့ဆံပင်ပေါင်းတင်ပါ

ခေါင်းလျှော်ခါနီး တစ်နာရီလောက်အလိုမှာ သဘာဝနည်းလမ်းတွေနဲ့ ဆံပင်ပေါင်းတင်ပေးပါ။ ရှားစောင်းလက်ပတ်၊ ကြက်သွန်နီ စတာတွေနဲ့ ပေါင်းတင်ပေးရင် ဆံပင်အရှည်မြန်ပြီး အုံထူလာစေပါတယ်။

ခေါင်းခဏခဏမလျှော်ပါနဲ့

ခေါင်းခဏခဏလျှော်ရင် ဆံပင်ပိုကျွတ်စေပါတယ်။ ဆံသားအဆီဓာတ်ဆုံးရှုံးစေလို့ ဆံပင်အရှည်နှေးစေပါတယ်။ ဒါပေမယ့် မလျှော်ပဲထားတာကြာရင်လည်း ဆံသားအတွက်မကောင်းပါဘူး။ ဒါကြောင့် ၄ ရက်တစ်ခါ၊ ၅ ရက်တစ်ခါတော့ ပုံမှန်လျှော်ပေးပါ။

ဆံပင်သန်စေတဲ့ခေါင်းလျှော်ရည်

ဆံပင်အရှည်မြန်ချင်ရင်တော့ chemical နည်းတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆံပင်သန်စေတဲ့၊ အရှည်မြန်စေဖို့ထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေကို ရွေးသုံးပေးပါ။

Hair serum, hair oil ပုံမှန်လိမ်းပေးပါ

ခေါင်းလျှော်ပြီး ဆံပင်မခြောက်တစ်ခြောက်အချိန်မှာ hair serum (သို့) hair oil ကို လိမ်းပေးပါ။ နောက်ရက်တွေမှာလည်း နေ့တိုင်းလိမ်းပေးပါ။ ဆံသားသန်စွမ်းကျန်းမာပြီး ဆံပင်အရှည်မြန်လာပါလိမ့်မယ်။

အပူချောင်းတွေမသုံးပါနဲ့

ဆံသားကျန်းမာမှ ဆံပင်အရှည်မြန်မှာပါ။ ဒါကြောင့် ဖြောင့်စက်၊ ကောက်စက် စတဲ့ အပူချောင်းတွေကို မသုံးပါနဲ့။ ခေါင်းလျှော်ပြီးရင်လည်း တတ်နိုင်သလောက် dryer မသုံးပဲ သဘာဝအတိုင်း အခြောက်ခံပါ။

ဆံပင်ချွတ်ဆေးတွေမသုံးပါနဲ့

ဆံပင်ချွတ်ဆေးတွေသုံးပြီး ဆံပင်ကာလာတွေ အမျိုးမျိုးပြောင်းနေရင်တော့ ဆံသားပျက်စီးပြီး ပြတ်ထွက်ကုန်တာ၊ ကျွတ်တာတွေ ဖြစ်မှာပါ။ ဒီလိုတွေဖြစ်ရင် ဆံပင်အရှည်မြန်မှာလည်း မဟုတ်တော့ပါဘူး။

Hair growth vitamins သောက်ပေးပါ

ဆံပင်ကိုပုံမှန်ထက်ပိုပြီး အရှည်မြန်ချင်တယ်ဆိုရင်တော့ hair growth vitamins တွေ သောက်ပေးနိုင်ပါတယ်။ သောက်တဲ့အခါမှာလည်း တကယ်ထိရောက်ပြီးကောင်းတာမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။