ဗိုက်ပူလို့၊ ဗိုက်မှာအဆီတွေများနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဗိုက်အဆီတွေ ကျသွားစေဖို့ ကူညီပေးမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ထမင်းစားပြီးတာနဲ့ရေတန်းမသောက်ပါနဲ့

ရေများများသောက်ရင် ဝိတ်ကျတယ်ဆိုပေမယ့်လည်း ထမင်းစားပြီးတာနဲ့ ချက်ချင်းရေသောက်တာက ဗိုက်အဆီတွေ ပိုတိုးစေပါတယ်။ အကောင်းဆုံးက ထမင်းစားပြီး ၁ နာရီလောက်ကြာမှ ရေသောက်ပါ။ တကယ်လို့ ရေဆာတယ်ဆိုရင်လည်း ရေအေးမသောက်ပဲ ရေနွေးသောက်ပေးလို့ ရပါတယ်။

ပျားရည်သောက်ပါ

ပျားရည်ကို ရေကြက်သီးနွေးနဲ့ ရောမွှေပြီး မနက်တိုင်း အိပ်ယာနိုးတာနဲ့ ဗိုက်ထဲအဆာမရှိခင် သောက်ပေးပါ။ တစ်လလောက် နေ့တိုင်းလုပ်ပေးသွားရင် ဗိုက်အဆီတွေကျသွားတာကို မြင်တွေ့ရမှာပါ။

Green Tea

Green Tea သောက်ပေးခြင်းကလည်း အဆီကျ၊ ဗိုက်ချပ်ပြီး ဝိတ်ကျစေဖို့ကို အထောက်အကူပြုပါတယ်။ ဒါကြောင့် အချိုရည်တွေသောက်မယ့်အစား Green Tea ကို အစားထိုးသောက်ကြည့်ပါ။

လမ်းလျှောက်ပါ

ဗိုက်အဆီကျချင်တယ်၊ လေ့ကျင့်ခန်းလည်း များများစားစား မလုပ်နိုင်ဘူးဆိုရင် နေ့တိုင်း အနည်းဆုံး မိနစ် ၃၀ လမ်းလျှောက်ပါ။ ကိုယ်ရည်စစ်ပြီး ဗိုက်အဆီ၊ ခန္ဓာကိုယ်အဆီ ကျစေပါတယ်။

အသီးအရွက်ဖျော်ရည်

အသီးဖျော်ရည် (သို့) အရွက်ဖျော်ရည်ကို တစ်နေ့နှစ်ခွက် ပုံမှန် နေ့တိုင်းသောက်ပေးရင် ဝိတ်ကျ၊ အဆီကျစေပါတယ်။

အဆီအစိမ့်လျှော့စားပါ

အဆီအစိမ့်တွေစားရင် အပေါ်ကအချက်တွေလုပ်နေလည်း၊ လေ့ကျင့်ခန်းတွေလုပ်နေလည်း အဆီကျမှာမဟုတ်ပါဘူး။ ဒါကြောင့် အဆီအစိမ့်ကို လျှော့စားရပါမယ်။ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

အိပ်ချိန်ပုံမှန်ထားပါ

အိပ်ချိန်ပုံမှန်ထားပြီး အိပ်ရေးဝအောင်အိပ်ပါ။ တစ်နေ့ကို ၇ နာရီ၊ ၈ နာရီကြာ အိပ်ချိန်ရှိရပါမယ်။

ယောဂကျင့်ပါ

ယောဂကျင့်ပေးခြင်းကလည်း တစ်လအတွင်းမှာ ဗိုက်အဆီတွေ သိသိသာသာကျသွားစေဖို့ ကူညီပေးတာကြောင့် ယောဂကျင့်စဉ်တွေကိုလည်း ပုံမှန်လုပ်ကြည့်ပါ။