အကြောပြတ်ရာတွေရှိလို့ ပျောက်ချင်တယ်ဆိုတဲ့သူတွေအတွက် ကြက်ဆူဆီကိုသုံးပြီး အကြောပြတ်ရာတွေကို ဖြေးဖြေးချင်းစီသက်သာပြီး ပါးသွားအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ကြက်ဆူဆီသာရှိရင် အလွယ်တကူလုပ်လို့ရတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် ကိုယ်အဆင်ပြေရာ နည်းလမ်းတစ်ခုကို ရွေးချယ်ပြီး ပုံမှန်စွဲလုပ်ပေးနိုင်ပါတယ်။

Warm Massage

ဒီနည်းလမ်းကတော့ ကြက်ဆူဆီတစ်မျိုးပဲလိုပါတယ်။

ကြက်ဆူဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းကို microwave ထဲထည့်ပြီးတော့ပဲဖြစ်ဖြစ်၊ မီးဖိုပေါ်အပူပေးပြီးတော့ပဲဖြစ်ဖြစ် စက္ကန့်အနည်းငယ်လောက် ထားပေးပါ။ ကိုင်နိုင်လောက်မယ့် အနေအထားဖြစ်ပြီး နွေးနေပြီဆိုရင် အကြောပြတ်ရာပေါ်ကို ၅ မိနစ်၊ ၁၀ မိနစ်လောက် ပွတ်လိမ်းပြီး လက်ချောင်းလေးတွေနဲ့ massage လုပ်ပေးပါ။ ပြီးရင်တော့ အနည်းဆုံး ၁ နာရီထားပြီးမှ ရေပြန်ဆေးချပါ။ တစ်ညထားချင်လည်း ရပါတယ်။

ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ နေ့တိုင်းလုပ်ပေးရမှာ ဖြစ်ပါတယ်။

ကြက်ဆူဆီနဲ့ရှားစောင်းလက်ပတ်ဂျယ်လ်

အကြောပြတ်ရာတွေရှိပြီး ယားလည်းယားတယ်ဆိုရင်တော့ ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်နဲ့မတည့်ရင်တော့ အဆင်မပြေပါဘူး။

ကြက်ဆူဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး ချေပေးပါ။ ပြီးရင် လက်နဲ့ယူပြီး အကြောပြတ်ရာပေးမှာ ၅ မိနစ်လောက် ပွတ်လိမ်းပြီး massage လုပ်နှိပ်နယ်ပေးပြီး တစ်ညထားပါ။ မနက်မှ ရေဆေးချပါ။

ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်လည်း နေ့တိုင်းလုပ်ပေးရမှာဖြစ်ပါတယ်။

ကြက်ဆူဆီနဲ့နနွင်းမှုန့်

အကြောပြတ်ရာတွေ သက်သာချင်ပြီး အသားအရေလည်း ကျန်းမာချင်တယ်ဆိုရင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။

ကြက်ဆူဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကို ရောမွှေပြီး အကြောပြတ်ရာပေါ်မှာ လိမ်းပေးရမှာပါ။ တစ်နာရီထားပြီးရင် ရေဆေးချပြီး moisturizer ပြန်လိမ်းထားပေးပါ။

ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်လည်း နေ့တိုင်းလုပ်ပေးရမှာ ဖြစ်ပါတယ်။