အသားအရေနေလောင်ထားလို့ အသားမဲတာမျိုးဆိုရင် treatment လုပ်ပေးရုံနဲ့ နဂိုအသားအရေကို ပြန်ရနိုင်ပါတယ်။ အသားအရေက အရမ်းနေလောင်ထားတာမျိုးဆိုရင်တော့ ပြန်ပြီး care မလုပ်ပေးရင် အသားအရေ ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် နေလောင်ထားတဲ့အသားအရေကို အိမ်မှာပြန်လည်ကုသနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Baking soda နဲ့ oatmeal

Bathtub ထဲကို ရေအေးအပြည့်ဖြည့်ပါ။ ရေခဲရေဆို ပိုကောင်းပါတယ်။ ပြီးရင် baking soda – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ၁၅ မိနစ်လောက် စိမ်ပေးခြင်းက နေလောင်ထားတာကို သက်သာစေပါတယ်။ Oatmeal တစ်ခွက်ပါထည့်ပြီး စိမ်မယ်ဆိုရင်တော့ နေလောင်ထားတာအပြင် အသားအရေယားယံတာကိုပါ သက်သာစေပြီး အသားအရေရဲ့ သဘာဝအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ Scrub တိုက်တာမျိုး၊ ရေချိုးပြီး towel နဲ့ ပွတ်သုတ်တာမျိုး လုံးဝမလုပ်ပါနဲ့။

ရှားစောင်းလက်ပတ်

အိမ်မှာ ရှားစောင်းလက်ပတ်အပင်ရှိတဲ့သူတွေကတော့ ဒီနည်းလမ်းကိုသာသုံးပါ။ ရှားစောင်းလက်ပတ်ကိုယူပြီး အထဲကအသားတွေကို ခြစ်ထုတ်ကာ နေလောင်ထားတဲ့အသားကို တိုက်ရိုက်လိမ်းပေးရုံပါပဲ။ ပြီးရင် ကြာကြာလေးထားပြီးမှ ရေချိုးလိုက်ပါ။

Chamomile tea

Chamomile tea က စိတ်ဖိစီးတွေပြေပျောက်စေသလို အသားအရေနေလောင်ထားတာလည်း သက်သာစေပါတယ်။ Chamomile tea ကို အအေးခံထားပြီး အေးသွားပြီဆိုရင် အဝတ်အသန့်တစ်ခုကိုစိမ်ပြီး အဲ့ဒီအဝတ်နဲ့ နေလောင်ထားတဲ့နေရာကို ဖြေးဖြေးချင်းစီဖိဖိပြီး လိမ်းပေးပါ။ နေလောင်ထားတာ သက်သာစေပါတယ်။ ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်ရင်တော့ ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။

Moisturizer or Lotion

Moisturuizer or lotion လိမ်းဖို့ လုံးဝမမေ့ပါနဲ့။ လိမ်းတဲ့အခါမှာ hydration သီးသန့်ပေးတာမျိုးတွေကို ရွေးသုံးပေးပါ။ နေလောင်ထားတာ ရက်ပိုင်းအတွင်း သက်သာလာပါလိမ့်မယ်။

အဝတ်အစားပွပွဝတ်ပါ

နေလောင်ထားတဲ့အသားအရေက ထိခိုက်လွယ်တဲ့အသားအရေ ဖြစ်နေတာကြောင့် ကြပ်တဲ့အဝတ်အစားတွေဝတ်ရင် အသားပွန်းတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ချည်သားအင်္ကျီပွပွလေးတွေဝတ်တာ အကောင်းဆုံးပါပဲ။