Shoes စီးပြီး ခြေထောက်နာကျင်နေတဲ့သူတွေအတွက် အသုံးဝင်စေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

သံလွင်ဆီနဲ့ Almond Oil

သံလွင်ဆီ ၃ စက်နဲ့ almond oil တစ်စက်ကိုရောပြီး ဖြစ်တဲ့နေရာကိုလိမ်းပေးရင် နာကျင်တာ သက်သာစေပါတယ်။ တစ်နေ့ ၂ ကြိမ် ပုံမှန်လိမ်းပေးရပါမယ်။

ပျားရည်

ပျားရည်စစ်စစ်ကို ဂွမ်းလုံးလေးနဲ့ယူပြီး ဖြစ်တဲ့နေရာကိုသာ ပွတ်ပေးပါ။ နာကျင်တာတွေ သက်သာစေပါတယ်။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်နေ့ကို ၃ ကြိမ်၊ ၄ ကြိမ် လုပ်ပေးရပါမယ်။

Petroleum Jelly

Petroleum jelly ရှိရင် ညအိပ်ခါနီးမှာ ဖြစ်တဲ့နေရာကို လိမ်းထားပြီး ခြေအိတ်ဝတ်အိပ်ပါ။ Shoes စီးလို့ နာကျင်တာတွေ၊ ဒဏ်ရာရထားတာတွေ သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်

ဖြစ်တဲ့နေရာကို ရှားစောင်လက်ပတ်ဂျယ်လ် ပွတ်လိမ်းပြီး ကြာကြာလေးထားလိုက်ပါ။ ပြီးမှ ရေနဲ့ပြန်သန့်စင်လိုက်ပါ။ တစ်နေ့ကို ၂ ကြိမ်သာ ပုံမှန်လုပ်ပေးပါ။ သက်သာပြီး ပျောက်သွားပါလိမ့်မယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးက အိမ်တိုင်းမှာရှိတာဆိုတော့ ဒီနည်းလမ်းက အသုံးအဝင်ဆုံးနဲ့ အလွယ်ကူဆုံး ဖြစ်မှာပါ။ သန့်စင်တဲ့ cotton pad ထဲကို သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း တစ်ဝက်စာလောက်ထည့်ပြီး ဖြစ်တဲ့နေရာကိုသာ အုံထားလိုက်ပါ။ ခြောက်သွားပြီဆိုမှ ဖယ်ပြီး ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်နေ့တစ်ကြိမ် လုပ်ပေးရင်ရပါတယ်။