ဝက်ခြံထွက်ပြီး မျက်နှာမှာ အမာရွတ်ကျန်ခဲ့တာကို ကုသဖို့အတွက် အကောင်းဆုံး သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေထဲကမှ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြီး ပုံမှန်လုပ်ပေးသွားရမှာပါ။

ပျားရည်နဲ့နနွင်းမှုန့်

ပျားရည် – အနည်းငယ်နဲ့ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး အမာရွတ်ပေါ်ကို လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ မျက်နှာသစ်ပြီး ကိုယ်လိမ်းနေကျ skincare တွေ လိမ်းပေးပါ။

Apple cider vinegar

Apple cider vinegar – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေ – စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကို ရောမွှေပြီး ဂွမ်းလုံးနဲ့ယူကာ အမာရွတ်ကိုပွတ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေအေးနဲ့ မျက်နှာသစ်ပါ။

Tea tree oil နဲ့ အုန်းဆီ

Tea tree oil နဲ့ အုန်းဆီကို ဆတူရောမွှေပြီး ညအိပ်ခါနီးကျရင် အမာရွတ်ပေါ် တို့လိမ်းထားပါ။ မနက်နိုးမှ mild ဖြစ်တဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်လိုက်ပါ။

အာလူး

အာလူးကို ပါးပါးလေးတွေဖြစ်အောင်လှီးပြီး အမာရွတ်ပေါ်ကို ပွတ်ပေးပါ။ ပြီးရင် ကပ်ထားပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်မှ မျက်နှာသစ်လိုက်ပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေနည်းနည်းနဲ့ရောမွှေပြီး ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် အမာရွတ်ပေါ် တိုက်ရိုက်တို့လိမ်းပြီး ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ ပြီးရင်တော့ ၁၀ မိနစ်လောက်ထားပြီး ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးပါ။ ကိုယ့်အသားအရေက sensitive ဖြစ်တယ်ဆိုရင်တော့ ဒီနည်းလမ်းနဲ့ မသင့်တော်ပါဘူး။