ချွေးထွက်တာကကောင်းပေမယ့် အလွန်အကျွံဆိုရင်တော့ ပင်ပန်းပြီးနုံးတာ၊ အားမရှိသလိုတွေခံစားရတာ၊ မူးတာတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က ချွေးအရမ်းထွက်တာကို ရပ်တန့်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Antiperspirants

Antiperspirants လို့ခေါ်တဲ့ ချွေးတိတ်ဆေးကို ညအိပ်ယာဝင်ခါနီးတိုင်းမှာ သုံးပေးပါ။ Antiperspirants ကိုသုံးပေးခြင်းက ချွေးအရမ်းမထွက်အောင် တားဆီးပေးပြီး ချွေးနံ့မထွက်အောင်လည်း ကာကွယ်ပေးပါတယ်။ မသုံးပဲနေတာထက်စာရင်တော့ သုံးပေးတာက အများကြီးသက်သာပါတယ်။

လေဝင်လေထွက်ကောင်းတဲ့အဝတ်အစား

ချွေးထွက်သန်တဲ့သူတွေက အဝတ်အစားဝတ်တဲ့အခါမှာ လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်အစားတွေကို ရွေးဝတ်သင့်ပါတယ်။ ထူပိတ်နေတာတွေ၊ အရမ်းကျပ်တာတွေကိုဝတ်မိရင် ချွေးပိုထွက်စေလို့ မောပန်းနွမ်းနယ်တာမျိုးတွေအထိပါ ဖြစ်တတ်ပါတယ်။

အစားအသောက်

အစားအသောက်စားတဲ့အခါမှာ စပ်တဲ့အစားအသောက်တွေ၊ အဆီများတဲ့အစားအစာတွေနဲ့ ငန်တဲ့အစားသောက်တွေကို limit နဲ့စားသောက်ပါ။ ဒီအရာတွေက ချွေးထွက်ပိုများစေပါတယ်။

ရေဓာတ်ဖြည့်ပါ

ချွေးထွက်သန်တဲ့သူတွေက သူများထက်ပိုပြီး ရေဓာတ်ဖြည့်ပေးဖို့လိုပါတယ်။ ချွေးအရမ်းထွက်တော့ ရေဓာတ်ခမ်းခြောက်စေပါတယ်။ ဒါကြောင့် ရေများများသောက်ပေးပါ။ ဓာတ်ဆားရည်လည်း သောက်ပေးပါ။ အသီးအနှံနဲ့ အသီးအရွက်တွေကို များများစားပေးပါ။

အေးတဲ့နေရာမှာနေပါ

ချွေးထွက်သန်တဲ့သူတွေက နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ ချွေးအရမ်းထွက်ပါတယ်။ နည်းနည်းလောက်ပူတာနဲ့ သူများထက်ပိုပြီးတော့ကို ချွေးတွေထွက်လာတာမျိုးပါ။ ဒါကြောင့် တတ်နိုင်သလောက် အရမ်းပူတဲ့နေရာတွေကိုရှောင်ပါ။ အေးတဲ့နေရာတွေမှာနေပေးပါ။

ရေပုံမှန်ချိုးပါ

ချွေးထွက်အရမ်းသန်တဲ့သူတွေက ရေပုံမှန်ချိုးပေးဖို့လိုပါတယ်။ ရေမချိုးရင် ချွေးတွေထွက်တာနဲ့ လူကပင်ပန်းနွမ်းနယ်ပြီး အားမရှိသလို ဖြစ်လာပါတယ်။ ချွေးအရမ်းထွက်နေတာကို ရေကမချိုးထားတော့ ချွေးနံ့နံတာမျိုး၊ ချွေးနံ့စွဲတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပုံမှန်ရေချိုးပေးပါ။ မအေးတဲ့နေ့တွေမှာဆို တစ်ရက်နှစ်ခါချိုးပေးနိုင်ပါတယ်။