ပြဿနာဖြစ်ပြီဆိုရင် သေချာမဖြေရှင်းပဲ ထစ်ခနဲရှိ လမ်းခွဲမယ်ဆိုတာမျိုးတွေ မလုပ်ပါနဲ့။ ခဏခဏဆိုရင် တစ်ဖက်လူက ငါမရှိလည်း သူ့အတွက် ဘာမှမဖြစ်ဘူးဆိုတဲ့စိတ်ဝင်သွားပြီး ကိုယ့်ဆီက တကယ်ထွက်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် ကိုယ်တည်ဆောက်ထားတဲ့ Relationship တစ်ခုကို လွယ်လွယ်ပြတ်စဲတာမျိုးတွေ မလုပ်ပါနဲ့။ ပြဿနာဖြစ်တိုင်း လမ်းခွဲတာမျိုးမလုပ်ပဲ သေချာဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။

မျက်နှာချင်းဆိုင်ရှင်းပါ

ပြဿနာကြီးကြီးမားမားတွေ၊ အထင်လွဲစရာတွေဖြစ်ပြီဆိုရင် ဖုန်းနဲ့ဖြေရှင်းတာမျိုးမလုပ်ပဲ အပြင်မှာ မျက်နှာချင်းဆိုင်တွေ့ပြီးရှင်းပါ။ ဖုန်းနဲ့ဖြေရှင်းနေရင် အခြေအနေပိုဆိုးပြီး အဆက်အသွယ်ပါ မလုပ်ကြတော့တာမျိုး ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် အပြင်မှာ မျက်နှာချင်းဆိုင်တွေ့ပြီး ရှင်းတာက အကောင်းဆုံးပါပဲ။

အချိန်ယူပါ

ကိုယ့်အနေနဲ့ ချက်ချင်းခွင့်မလွှတ်ပေးနိုင်ဘူး၊ အရမ်းလည်း စိတ်ဆိုးနေတယ်ဆိုရင် စကားများရန်ဖြစ်နေတာမျိုးတွေ၊ ငြင်းခုန်နေတာမျိုးတွေ မလုပ်ပဲ အချိန်ခဏယူလိုက်ပါ။ နည်းနည်းအချိန်ယူလိုက်ရင် သွေးအေးပြီး စိတ်အခြေအနေလည်း အဆင်ပြေသွားမယ်၊ တကယ်ချစ်တယ်ဆိုရင် ပြန်အဆင်ပြေသွားမှာပါပဲ။

တောင်းပန်ပါ၊ ဆင်ခြင်ပါ

ကိုယ်မှားထားတာဆိုရင် တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ တကယ်ချစ်တယ်ဆိုရင် တစ်ဖက်လူစိတ်ကျေနပ်အောင် သေချာတောင်းပန်ပြီး ပြန်ချော့လိုက်ပါ။ နောက်တစ်ခေါက် ဒီလိုထပ်မဖြစ်အောင် ဆင်ခြင်ပြီး ကတိပေးတာမျိုးလည်း လုပ်လို့ရတာပါပဲ။

နားလည်ခွင့်လွှတ်ပေးပါ

သစ္စာမရှိဖောက်ပြန်တာကလွဲလို့ ကျန်တဲ့ကိစ္စတွေဆိုရင် ကိုယ်တကယ်ချစ်တယ်ဆို စိတ်လျှော့ပြီး နားလည်ခွင့်လွှတ်ပေးလိုက်ပါ။

ပြန်လည်တည်ဆောက်ပါ

ပြဿနာတက် ရန်ဖြစ်စကားများပြီးတိုင်း အရင်ထက်ပိုပြီး အရင်ထက်ပိုပြီး ဂရုစိုက်ပြ၊ ချစ်ပြပါ။ အရင်လိုပြန်အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ Relationship မျိုးပြန်ရအောင် ပြန်လည်တည်ဆောက်ပါ။