တော်တော်များများက လိုချင်တာတွေများပြီး အကုန်လိုက်ဝယ်နေတာနဲ့ပဲ ပိုက်ဆံစုဖို့ခက်ခဲနေတတ်ပါတယ်။ ပိုက်ဆံစုဖြစ်ရင်လည်း ကိုယ်လိုချင်တာတွေ မဝယ်နိုင်တော့ဘူးဆိုတာမျိုး ဖြစ်ရပြန်ပါတယ်။ ဒါကြောင့် ပိုက်ဆံစုတဲ့အခါမှာ ကိုယ်လိုချင်တာဆိုလည်း နည်းနည်းချင်းစီဝယ်နိုင်အောင်၊ သုံးသင့်တာကိုသုံးပြီး ပိုက်ဆံကိုလည်း စနစ်တကျနဲ့စုဆောင်းနိုင်မယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။
မသုံးခင်မှာစဉ်းစားပါ
ဒီအရာအတွက်နဲ့ ပိုက်ဆံထုတ်သုံးတော့မယ်ဆိုရင် သုံးသင့်တဲ့အရာလား၊ မဖြစ်မနေလိုအပ်နေတာလား၊ ဒီအတွက်သုံးမယ့်ပိုက်ဆံကို ဘယ်နေရာမှာသုံးလိုက်ရင် ပိုအကျိုးရှိမလဲ စတဲ့အတွေးပေါင်းများစွာကို သေချာတွေးပြီး စဉ်းစားပြီးမှ သုံးပါ။ ဒါဆိုရင် တော်ရုံနဲ့ ပိုက်ဆုံထုတ်သုံးဖြစ်တော့မှာ မဟုတ်ပါဘူး။
ကိုယ်လက်နဲ့ရှိတာနဲ့ပဲ cash ပေးချေပါ
စုထားတဲ့ဘဏ်ထဲကပိုက်ဆံ၊ ကတ်ထဲကပိုက်ဆံကို အလွယ်တကူထုတ်သုံးတာမျိုးမလုပ်ပါနဲ့။ ကိုယ့်လက်ထဲရှိတာနဲ့ပဲ cash ပေးချေပြီး လောက်အောင်သုံးပါ။ ပိုက်ဆံစုရင် အလွယ်တကူပြန်ထုတ်လို့မရတဲ့ နေရာမျိုးမှာစုပါ။
ချွေတာပါ
အကောင်းစားကြီးတွေဝယ်သုံးမှ ကောင်းတာမဟုတ်ပါဘူး။ ဈေးသင့်တင့်ပြီးကောင်းတာတွေလည်း အများကြီးပါ။ ကိုယ့်ဝင်ငွေရဲ့ သုံးပုံတစ်ပုံကိုသာ သုံးပါ။ ပိုက်ဆံကိုချွေတာသုံးပါ။
တိုးပွားလာအောင်လုပ်ပါ
ပိုက်ဆံကိုပိုပြီးတိုးပွားလာအောင် ကိုယ့်အတွက်အကျိုးရှိမယ့်နေရာမှာ အသုံးချပါ။ ဒီကနေထပ်ရလာတဲ့ ဝင်ငွေတွေကိုမှ ထပ်စုလို့လည်းရသလို၊ ကိုယ်အရမ်းလိုချင်နေတာလေးတွေလည်း ဝယ်လို့ရပါသေးတယ်။
Sale ချတဲ့အချိန်ကိုစောင့်ပါ
ကိုယ်အရမ်းလိုချင်နေတဲ့ပစ္စည်းတွေက ဈေးကြီးနေရင် sale ချမယ့်အချိန်ကိုစောင့်ပြီး အဲ့အချိန်ကျမှဝယ်ပါ။ ဒါဆိုရင်တော့ အလကားနေပိုက်ဆံမကုန်ပဲ စုလည်းစုဖြစ်လာမယ်။ လိုချင်တိုင်းဝယ်နေမိတဲ့ အကျင့်ကိုလည်း ပြင်ပြီးသားဖြစ်လာပါမယ်။